Wednesday, November 23, 2016

ဖရူဆိုမြို့ အထက၌ ကျောင်းကျန်းမာရေးစစ်ဆေးမှုများ ကွင်းဆင်းဆောင်ရွက်

ဖရူဆို၊ နိုဝင်ဘာ  ၂၂
၂၀၁၆-၂၀၁၇ ပညာသင်နှစ်ကာလအတွင်း ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာဂျိုးဇက်ဂျွန် ဦးစီးသောအဖွဲ့သည် ဖရူဆိုမြို့ အခြေခံပညာ အထက်တန်းကျောင်းမှ တတိယတန်းနှင့် စတုတ္ထတန်း ကျောင်းသား/သူများအား သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါများ အား ရှာဖွေစစ်ဆေးကုသပေးခြင်းလုပ်ငန်းများကို နိုဝင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီတွင် အဆိုပါကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။



အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို ဖရူဆိုမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက် ပေးခြင်းဖြစ်ပြီး မြို့နယ်သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာ ဂျိုးဇက်ဂျွန်နှင့် ဝန်ထမ်း(၂)ဦး၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး ဌာနမှ ဝန်ထမ်း(၂)ဦး ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ရာ ဖရူဆိုမြို့ အခြေခံပညာအထက်တန်းကျောင်းမှ တတိယတန်းနှင့် စတုတ္ထတန်း ကျောင်းသား/သူ (၁၀၉) ဦး တို့အား သွားနှင့်ခံတွင်းရောဂါများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခြင်း နှင့်အတူ ရောဂါများရှာဖွေစစ်ဆေးခဲ့ကြပြီး သွားနှုတ်ရန်လိုအပ်သည့် ကျောင်းသား/သူ (၃၆) ဦးကိုလည်း သွားများ နှုတ်၍လိုအပ်သည့် ဆေးဝါးကုသမှုများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ဦးကျော် (ဖရူဆို)

No comments:

Post a Comment