Wednesday, November 23, 2016

လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲ အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်း၌ပြုလုပ်

ပူတာအို၊   နိုင်ဝင်ဘာ  ၂၂
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ (၂၂)ရက် နံနက် (၁၁) နာရီက ပူတာအိုမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း သင်တန်းကျောင်းခန်းမကျင်းပသည်။





အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာမြတ်သူက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအုပ်သန်းဝေက လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ခရိုင်ပြည်သူ့ဆေးရုံ တီဘီတိုက်ဖျက်ရေးဌာနမှ ကျန်းမာရေးမှူး ဒေါ်ရွယ်ဂရောင်က AIDS ရောဂါ အကြောင်းသိကောင်းစရာများနှင့် ကာလသားရောဂါအကြောင်း သိကောင်းစရာများကို အသိပညာပေး ဟောပြောသည်။
အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းသင်တန်း ကျောင်းအုပ်ကြီးနှင့်ဆရာမများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရ သည်။

ပူတာအို (ခရိုင်ပြန်/ဆက်)

No comments:

Post a Comment