Monday, November 14, 2016

ကုက္ကိုဝတံတား လာမည့် ဒီဇင်ဘာလအတွင်း ဖွင့်လှစ်မည်


ရန်ကုန် နိုဝင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ထန်းတပင်မြို့မှ လမုတန်း-လှည်းဆိပ် လမ်းသို့ ကုက္ကိုဝ မြစ်ကိုဖြတ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည် ဆောက်ရေးအဖွဲ့(၂)က တာဝန်ယူတည်ဆောက်ခဲ့သည့် ကုက္ကိုဝ တံတားကြီးသည် ယခုအခါ တည်ဆောက်မှု ရာနှုန်းပြည့်ပြီး စီးပြီဖြစ်၍ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ အတွင်း အများပြည်သူတို့ အသုံးပြုသွားလာနိုင်ရန်အတွက် ဖွင့်လှစ်ပေးတော့ မည်ဟု သိရသည်။


တံတားအမျိုးအစားမှာ အပေါ်ထည် သံမဏိသံပေါင်နှင့် အောက်ထည်သံကူ ကွန်ကရစ်ကြမ်းခင်း ဖြစ်သည်။ တံတားအရှည် ၆၉၄ ဒသမ ၅ မီတာရှည်ပြီး တံတားကြီး ပေါ်၌ ယာဉ်သွားလမ်းအကျယ် ၈ ဒသမ ၅ မီတာနှင့် လူသွားလမ်း အကျယ် တစ်ဖက် လျှင် တစ်မီတာပါရှိသည်။ ရေလမ်းကင်းလွတ် အကျယ်မှာ ၁၁ဝ မီတာရှိပြီး ရေလမ်း ကင်းလွတ်အမြင့် ၁၂ မီတာရှိသည်။

အဆိုပါ တံတားကြီးကို တံတားဦးစီးဌာန တည်ဆောက်ရေး အဖွဲ့ (၂) က ၁-၄-၂ဝ၁၄ ရက်က စတင် တည်ဆောက်ခဲ့ရာ ယခုအခြေအနေတွင် ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။


အဆိုပါ တံတားကြီး ပြီးစီးသွားပြီဖြစ်၍ ထန်းတပင်မြို့နယ် အတွင်းရှိ ဘောလယ် ကျွန်းကျေးရွာ ၂၆ ရွာတို့မှ ပြည်သူများ ရန်ကုန်နှင့် မြစ်ကြီး ခြားနေ၍ နှစ်ပေါင်းများစွာ ကွေ့ပတ်သွားလာရသည့် ဒုက္ခမှ ကင်းဝေးကာ မဝေးလှသော ကာလ၌ အဆိုပါ တံတားကြီးပေါ်မှ မဟာရန်ကုန်သို့ အချိန်တိုအတွင်း ရောက်ရှိနိုင်မည် ဖြစ် သည်။

No comments:

Post a Comment