Thursday, November 3, 2016

အင်္ဂပူမြို့တွင် စတုတ္တတန်း ဘာသာရပ်မွမ်းမံ သင်တန်း ဖွင့်လှစ်

အင်္ဂပူ နိုဝင်ဘာ ၃
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့၊ မြို့နယ်ပညာရေးမှူးရုံးခန်းမတွင် နိုဝင်ဘာလ ၃ ရက် နေ့ နံနက်(၉)နာရီက စတုတ္ထတန်း ဘာသာရပ်မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးမှ အခြေခံပညာအဆင့်မူလတန်းပညာရေးတွင် မူလတန်းအဆင့် ဘာသာရပ် အရည်အသွေးများ မြင့်မားစေရန်နှင့် စာမေးပွဲဆိုင်ရာ မေးခွန်းများ၊ အမှတ်ပေး စည်းမျဉ်းများကို ကျွမ်းကျင်စွာ သိရှိနိုင်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်လင်း ပြောကြားခဲ့သည်။
ယင်း သင်တန်းသို့ မြို့နယ်အတွင်း ရှိအခြေခံပညာကျောင်းများအားလုံမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာများ စုစုပေါင်း(၃၀၀)ဦး တက်ရောက်ခဲ့ပြီး ဗဟိုအဆင့်သင်တန်း နည်းပြဆရာ၊ ဆရာမ(၅)ဦးတို့မှ ဘာသာရပ်ဆိုင်ရာများအား ဆွေးနွေး ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment