Monday, November 7, 2016

သရက်-အောင်လံကူးတို့လိုင်း ရေယာဉ်များ ဘေးအန္တရာယ် ကင်းရှင်းရေး တာဝန်ရှိသူများ ကြီးကြပ် ဆောင်ရွက်လျှက်ရှိ

သရက် အောင်တိုဘာ ၇
မကွေးတိုင်းဒေသကြီး သရက်-အောင်လံ ပြေးဆွဲနေသည့် ကူးတို့လိုင်းရေယာဉ်များအား ဘေးအန္တရာယ် ကင်းရှင်းရေး တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ခြင်းကို နိုဝင်ဘာ(၁) ရက်နေ့မှ စတင်၍ သရက်မြို့နယ် နှင့် အောင်လံမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ သတ်မှတ်ထားသည့် လူဦးရေထက် ပိုမိုတင်ဆောင်ခြင်း မပြုရန်နှင့် ရေယာဉ်အမိုးပေါ်တွင် ခရီးသည်တင်ဆောင်ခြင်း မပြုရန်  ကြီးကြပ်ဆောင်ရွက်လျှက်ရှိကြောင်း နေ့စဉ် ခရီးသွား သည့် ပြည်သူတစ်ဦးထံက သိရသည်။

အဆိုပါ ကူးတို့လိုင်းတွင် အောင်မိုးဇော် ရေယာဉ်နှင့် အောင်ထက်ဇော် ရေယာဉ် နှစ်စီးမှာ အောင်လံမှ သရက် ၊ သရက်မှ အောင်လံသို့ နံနက်(၅)နာရီ၊နံနက်(၆)နာရီ၊(၈း၃၀)နာရီ၊(၁၁)နာရီနှင့် နေ့လည်(၂)၊ညနေ(၅)နာရီ ပုံမှန်(၆)ကြိမ် ပြေးဆွဲလျှက်ရှိပြီး လူတစ်ဦးလျင်(၃၀၀)ကျပ်၊၀န်ထမ်းများ လပေးစနစ်ဖြင့် စီးပါက(၄၀၀၀)ကျပ် နှုန်းဖြင့်  ပြေးဆွဲလျက်ရှိရာ ယခင်က လူဦးရေ  ကန့်သတ်ချက်မရှိ တင်ဆောင်ပြေးဆွဲနေခဲ့ပြီး နိုဝင်ဘာ(၁)ရက်နေ့မှ စတင်၍ ရေယာဉ်၏ သတ်မှတ်ချက် လူဦးရေ (၄၀)ဦးပြည့်ပါက ထွက်ခွါခြင်းနှင့် ခရီးသည်များအား အမိုးပေါ်တွင် စီးနှင်းခွင့်မပြုသည်ကို ခရီးသွား ၀န်ထမ်းတစ်ဦးထံက သိရှိရပြီး လပေးစနစ်ဖြင့် စီးနင်းသည့် ၀န်ထမ်းမှာ သရက်မှ အောင်လံသို့ ပေးစီးသည့် ၀န်ထမ်းမှာ(၁၇)ဦးရှိပြီး၊ အောင်လံ-သရက် ပေးစီးသည့် ၀န်ထမ်းမှာ (၆၂)ဦး တို့အား လပေးစနစ်ဖြင့် အနစ်နာခံ ပြေးဆွဲလာသဖြင့် လူဦးရေ ကန့်သတ်ချက်ဖြင့် ပြေးဆွဲရပါက လိုင်းပဲ့ထောင်များ အနေဖြင့် ၄င်းလုပ်ငန်းအား ဆောင်ရွက်လုပ်ကိုင်နိုင်ခြင်း မရှိတော့လျှင် လိုင်းပဲ့ထောင်များ ရပ်နားသွား နိုင်ဖွယ်ရှိသည်ဟု ဂိတ်မှူးထံမှ သိရသည်။

သရက်ခရိုင် ပြန်/ဆက်

No comments:

Post a Comment