Friday, November 4, 2016

ကြက်ခြေနီလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်း ညှိနှိုင်း ဆွေးနွေး


စစ်တွေ    နိုဝင်ဘာ  ၎
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ မြန်မာနိုင်ငံကြက်ခြေနီ အသင်းဌာနချုပ်မှ ဥက္ကဌ ပါမောက္ခ ဒေါက်တာ မြသူ နှင့် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် အတွင်း ဆောင်ရွက်မည့် ကြက်ခြေနီလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ၊ အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ကြက်ခြေနီလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးမှုကို နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းများ၏ အခန်းကဏ္ဍနှင့် ဆောင်ရွက်နေသော ကြက်ခြေနီလုပ်ငန်းများနှင့် ပတ်သက်၍  ပြည်နယ်ဝန်ကြီးချုပ် နှင့် တကွ အစိုးရအဖွဲ့ဝင်များကို ရှင်းလင်း ပြောကြားပြီး ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ကြက်ခြေနီ အသိပညာ  ပြန့်ပွားရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်း အသိပညာပေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်နယ် ၀န်ကြီးချုပ်၊ အစိုးရအဖွဲ့ နှင့် မြန်မာနိုင်ငံ  ကြက်ခြေနီ  အသင်းဌာနချုပ် ဥက္ကဌ၊ ဒု-ဥက္ကဌ နှင့် အဖွဲ့ဝင်များ ၊ ရခိုင်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ  ဥက္ကဌ နှင့် အဖွဲ့ဝင်များ တက်ရောက်ကြောင်း သတင်းရရှိသည်။                                                                            

ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment