Sunday, November 6, 2016

မြို့နယ်အဆင့် ဘက်စုံစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်

အိမ်မဲ   နိုဝင်ဘာ   ၆
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်တွင် ၂၀၁၆ ခုနှစ်ပညာသင်နှစ် အခြေခံပညာ မူလတန်း အလယ်တန်း အထက်တန်းကျောင်းများရှိ ကျောင်းသား/ကျောင်းသူများ၏ မြို့နယ်အဆင့် ဘက်စုံစွမ်းရည်ပြိုင်ပွဲ ကို အိမ်မဲမြို့  အိမ်မဲကြီး -အထကကျောင်းတွင် နိုဝင်ဘာ  ၆  ရက်နံနက် ၉နာရီကပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘက်စုံစွမ်းရည်ပြိုင်ပွဲတွင် အိမ်မဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ စတုတ္ထတန်း ကျောင်းသား/ကျောင်းသူ ၆၂ ဦး အဋ္ဌမတန်း ကျောင်းသား/ကျောင်းသူ ၆၄ ဦး ဒဿမတန်း ကျောင်းသား/ကျောင်းသူ ၆၉ဦး စုစုပေါင်း ၁၃၅   ဦးဖြေဆိုခဲ့ကြကြောင်း သိရ သည်။

ဘက်စုံစွမ်းရည်ပြိုင်ပွဲတွင် စာပေဘာသာရပ်စွမ်းရည် ဗဟုသုတစွမ်းရည် ကိုယ်ကာယကြံ့ခိုင်မှုစွမ်းရည် ကျောင်းလုပ်ငန်း ပန်ချီ အနုပညာ အဆို အက အတီး စွမ်းရည် စသည့် ဘာသာရပ်များ ယှဉ်ပြိုင်ကြရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြို့နယ်အဆင့်ဘက်စုံ စွမ်းရည်ပြိုင်ပွဲဖြေဆိုရာသို့ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်မေလွင်လွင်နှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများမှ ကြီးကြပ်ခဲ့ကြပြီး စာဖြေဆိုရာ ကျောင်းပြင်ပတွင်လည်း ကျောင်းသားမိဘများမှ စိတ်ဝင်စားစွာ လာရောက်ခဲ့ကြကြောင်း သိရသည်။


မြို့နယ် ပြန်/ ဆက်

No comments:

Post a Comment