Sunday, November 6, 2016

မောင်တောမြို့နယ်တွင် နယ်ရပ်စွန့်ခွာပြည်သူများ ( ၁၆)ဦးသာကျန်ရှိ

မောင်တော နိုဝင်ဘာ ၆
မောင်တောမြို့တွင် အောက်တိုဘာ (၉)ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင်း မောင်တောမြို့နယ်ရှိ ကျေးရွာ ပြည်သူများ စိုးရိမ်ကြောင်းကြမှုများ နေရပ်စွန့်ခွာမှုများ ဖြစ်ပေါ်ခဲ့သည်။


မောင်တောမြို့တွင် နယ်မြေစွန့်ခွာပြည်များ အတွက်မြို့နယ် သာသနာ့ဗိမာန်တော်ကြီးတွင် မောင်တောမြို့ အရေးပေါ် ကူညီထောက်ပံ့ရေးအဖွဲ့မှ စခန်းဖွင့်လှစ်ပြီး အောက်တိုဘာလ ၁၄ ရက်နေ့မှစ၍ ရေမျက်တောင်ကျေးရွာ၊ ရွက်ညိုတောင်ကျေးရွာ၊ ငါးခူရကျေးရွာ၊ ကပ္ပကောင်းကျေးရွာ၊ ဖားဝပ်ချောင်းကျေးရွာ၊ အောင်မင်္ဂလာကျေးရွာ အောက်ပြူးမကျေးရွာ၊ ကြိမ်ချောင်းကျေးရွာ၊ ခြံပြင်ကျေးရွာ၊ ပြားသားကျေးရွာ၊ အောင်ဗလကျေးရွာလောင်းဒုံ ကျေးရွာများမှ ပြည်သူ(၁၆၇)ဦး လက်ခံခဲ့ကြောင်း သိရှိရသည်။

ယခုအခါ ကျေးရွာများတွင် လုံခြုံရေးများ တိုးချဲ့ချထားပေးထားမှု၊ မိမိတို့နေရပ်တွင် စပါးများ ကောက်ပဲ သီးနှံများ မှည့်ရင့်နေပြီဖြစ်ရာ ပြည်သူများအနေဖြင့် မိမိဒေသသို့ အသီးသီး ပို့ဆောင်ခဲ့ကြောင်း သိရှိရပြီး မြို့နယ် သာသနာ့ဗိမာန်တော်ကြီးတွင် အိမ်ထောင်စု(၅)စု၊ ကျား(၁၀)ဦးနှင့် မ(၆)ဦးသာ ကျန်ရှိနေပြီး ကျန်ရှိနေသော ပြည်သူများမှာလည်း ကျန်းမာရေး အခြေအနေကြောင့်သာ မောင်တောမြို့၌ ဆေးကုသရန် ကျန်ရှိနေကြောင်း သိရပြီး မောင်တောမြို့ အရေးပေါ်ကူညီထောက်ပံ့ရေးအဖွဲ့မှ အလှူပစ္စည်းများလက်ခံပြီး မောင်တောကျေးရွာများသို့ သွားရောက်ပြန်လည် လှူဒါန်းပေးလျက်ရှိကြောင်း သိရှိရသည်။


ခရိုင်ပြန်/ဆက်

1 comment:

  1. နိုင်ငံတော်ရဲ့ ပြန်ကြားရေးဋ္ဌာနကြီးခင်ဗျား
    စာလုံးပေါင်းမှန်အောင် ဂရုစိုက်စေချင်ပါတယ်။ တစ်ခြားသတင်းဆိုဒ်တွေလို သတင်းဖြစ်ရင်ပြီးရော မလုပ်ပါနဲ့။ မျိုးဆက်သစ်တွေ အတုယူမှားပါလိမ့်မယ်။

    ReplyDelete