Thursday, November 17, 2016

စပါးဦးအထွက်ကောင်းသော်လည်း စပါးဈေး အ၀ယ်မလိုက်ဖြစ်နေ

ချောင်းဆုံ၊ နိုဝင်ဘာ ၁၆
မွန်ပြည်နယ်၊ ချောင်းဆုံမြိ့နယ်တွင် ယခုနှစ်အတွင်း မိုးစပါးစိုက်တောင်သူများအနေဖြင့် စပါးဦးမှာ ယခင်နှစ်ကထက် အထွက်ကောင်းသော်လည်း စပါးဈေး အ၀ယ်မလိုက်သဖြင့် လယ်သမားများမှ စပါးဈေး ပြန်လည်ကောင်းမွန်လာစေရန် မျှော်လင့်နေကြကြောင်း လယ်သမားများထံမှ သိရသည်။

" စပါးအထွက်ကတော့  ကောင်းသလောက်တော့ရှိတယ် ခုက စပါးကအ၀ယ်မလိုက်ဘူး အရင့်အရင်နှစ်ကတွေထက် စာလိုက်ရင် ပြီးခဲ့တဲ့နှစ်ကဆို တလင်းထဲမှာ စပါးပေါ်တာနဲ့ ဈေးကောင်း ပေးပြီး လာဝယ်ကြတယ်။ ခုတော့ ဈေးကလဲကျတယ် အလုပ်သမားစရိတ်တွေလဲ ဈေးကြီးတာကြောင့် လယ်သမားများ အရှုံးပေါ်နေတယ်" ဟု နတ်မှော်လယ်ကွင်းတွင် လုပ်ကိုင်နေသည့် တောင်သူတစ်ဦး ထံမှ သိရသည်။
လက်ရှိ စပါးဈေး ကျဆင်းနေပြီး ဒေသတွင် ပြည် ၂၀ ၀န်းကျင်ရှိ တင်းတောင်းဖြင့် ဆန်ကြမ်းအုပ်စု တင်း ၁၀၀ လျှင် ၄ သိန်းကျော်၊ ဆန်းချောအုပ်စု တင်း ၁၀၀ လျှင် (၆) သိန်း ၀န်းကျင်သာရှိပြီး ယခင်နှစ်ထက် စပါးပေါ်ချိန်များတွင်  စပါးဈေးများ ပိုမိုနိုင်ကြောင်း ဒေသတွင်း ကုန်သည်များထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment