Thursday, November 17, 2016

ကမ္ဘာကျော် ဦးပိန်တံတား၌ နေ၀င်ဆည်းဆာအလှ ကြည့်ရှုခံစားနေသော ပြည်တွင်း ပြည်ပခရီးသွားများ အထူး စည်ကား


မန္တလေး နိုဝင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် တည်ရှိသော တောင်သမန်အင်းကို ဖြတ်ကူးကာ တည်ဆောက် ထားသော ဦးပိန်တံတား၌ နေ၀င်ဆည်းဆာအလှ ကြည့်ရှု ခံစားနေသော ပြည်တွင်းပြည်ပ ခရီးသွားများ အထူး စည်ကားလျက် ရရှိကြောင်း သိရသည်။
'' ဦးပိန်တံတားကို လာရောက်လည်ပတ်တဲ့ ပြည်တွင်းပြည်ပ ခရီးသွားတွေ နေ့စဉ်စည်ကားပါတယ်၊ ညနေပိုင်းဆိုရင် ဦးပိန်တံတား နေ၀င်ဆည်းဆာအလှကို လာရောက်ကြည့်ရူ့တာ ပြည်ပ ခရီးသွားတွေ၊ ပြည်တွင်းက ဓါတ်ပုံပညာ ရှင်တွေ အများဆုံး လာရောက် ကြည့်ရှုကြတယ်၊ တံတားပေါ်က ကြည့်ရှု ခံစားတာရှိသလို တောင်သမန် အင်း အတွင်းမှ ငှက်လှေစီးပြီး လည်း ကြည့်ရှုခံစားကြတယ်၊ ညနေပိုင်းဆိုရင် တံတားပေါ်မှ လူအပြည့်ပဲ'' ဟု ဒေသခံတစ်ဦးက ပြောပြသည်။
အမပူရမြို့နယ်ရှိ ကမ္ဘာကျော် ဦးပိန်တံတားသည် နှစ်ပေါင်း (၁၆၀) ကျော် ကြာမြင့်ကာ ကမ္ဘာ့အရှည်ဆုံး သစ်သား တံတားတစ်စင်း ဖြစ်သည်။ မြန်မာသက္ကရာဇ် (၁၂၁၁) ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး (၁၂၁၃ ) ခုနှစ် တွင် ပြီးစီးခဲ့သည်။ တိုင်ပေါင်း (၁၀၈၆) တိုင်၊ အခန်းပေါင်း(၄၈၂) ခန်း၊ တံတားအရှည် (၃၉၇၆) ပေ ရှိကြောင်း မှတ်တမ်းများအရ သိရပြီး ညနေပိုင်း နေ၀င်ဆည်းဆာအချိန်တွင် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများနှင့် ပြည်တွင်း ခရီးသွားများ အထူးစည်ကားလျက် ရှိကြောင်း သိရသည်။
သန်းဇော်မင်း (ပြန်/ဆက်)

No comments:

Post a Comment