Saturday, November 5, 2016

မော်လိုက်မြို့ ဆိပ်ကမ်းသာယာလှပစေရေးအတွက် ကင်းထောက်လူငယ်လေးများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မော်လိုက်  နိုဝင်ဘာ 
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ ဆိပ်ကမ်း သာယာလှပစေရေးအတွက် ကင်းထောက် လူငယ်လေးများမှ ပြည်သူ့အကျိုးပြုလုပ်ငန်းတစ်ရပ်အနေဖြင့် စုပေါင်းသန့်ရှင်းရေးကို နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် မော်လိုက်မြို့ အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်သင်းသင်းနွယ်နှင့် ဆရာ၊ ဆရာမများ ဦးဆောင်ပြီး
ကင်းထောက်လူငယ်(၆၃)ဦးတို့ဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် မော်လိုက်မြို့၊ ကျောင်းတောင်ရပ်ကွက်နှင့် မော်လိုက်ဆိပ်ကမ်းရှိ စွန့်ပစ် အမှိုက်များအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါ ကင်းထောက်လူငယ်လေးများ၏ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုများအတွက် ပြည်သူလူထုနှင့် စီးပွားရေးလုပ်ငန်းရှင်များမှလည်း ကင်းထောက်လူငယ်လေးများအတွက် လိုအပ်သည်များ အသုံးပြုနိုင်ရန် ရန်ပုံငွေများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြကြောင်းနှင့် ရရှိလာသည့် ရန်ပုံငွေများကိုလည်း ကင်းထောက်လူငယ်အဖွဲ့၏ လိုအပ်သည့် ၀တ်စုံများ၊ မြို့နယ်တွင်းရှိ လူမှုရေး၊ ကျန်းမာရေး လုပ်ငန်းများ တွင်လည်း ကင်းထောက် လူငယ်လေးများ လုပ်အားဖြင့် ရရှိလာသည့် ရန်ပုံငွေများထဲမှ ထည့်ဝင်လှူဒါန်း သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများကိုလည်း ကင်းထောက်လူငယ်လေးများက ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


မော်လိုက်(ပြန်/ဆက်)

No comments:

Post a Comment