Saturday, November 5, 2016

လေပြင်းတိုက်ခိုက်ပြီး မိုးရွာသွန်းမှုကြောင့် သစ်ပင်ကြီးများပြိုလဲပြီး စက်သုံးဆီဘူတာဟောင်းသွားကတ္တရာလမ်း ပိတ်ဆို့နေမှုအား တာဝန်ရှိသူများမှ အမြန်ဆုံးရှင်းလင်းဆောင်ရွက်


မိတ္ထီလာ နိုဝင်ဘာ ၅
မန္တလေးတိုင်းသေကြီး၊ မိတ္ထီလာမြို့နယ်တွင် နိုဝင်ဘာ ၄ ရက်နေ့ ည ၁၂ နာရီက လေပြင်းတိုက်ခိုက်ပြီး မိုးရွာ သွန်းမှုကြောင့် အောင်ဇေယျာရပ်ကွက်အတွင်းရှိ စက်သုံးဆီဘူတာဟောင်းသွားကတ္တရာလမ်းပေါ်၌ သက်တမ်း ကြာသည့် သစ်ပင်ကြီးများ ပြိုလဲမှုကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါပြိုလဲနေသည့် သစ်ပင်ကြီးများ လမ်းပိတ်ဆို့နေမှုကြောင့် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ   သွားလာရေး အခက်အခဲမရှိစေရန် လမ်းပိတ်ဆို့နေသည့် သစ်ပင်ကြီးများကို မြို့နယ်စည်ပင်သာရေးအဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးထက်ဇော်ဦးဆောင်ပြီး စည်ပင် ဝန်ထမ်းများ၊ အမှတ်(၃၅)ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့များ စုပေါင်းပြီး အမြန်ဆုံးဖယ်ရှားရှင်းလင်းဆောင်ရွက်လျှက်ရှိသည်။
ဆက်လက်၍ နန်းတော်ကုန်းရပ်ကွက်အတွင်းရှိ နယ်မြေ (၃)နှင့်နယ်မြေ(၅)တို့တွင် မိုးရေများ ဝင်ရောက်လာသော ကြောင့် ၎င်းနယ်မြေများရှိ ရပ်ကွက်နေပြည်သူများ သွားလာရေး အခက်အခဲများကြုံတွေ့နေရဖြင့် စည်ပင် သာယာရေးအဖွဲ့မှ အင်ဂျင်စက်ကြီး ( ၃ ) လုံးဖြင့် ရေများထွက်ရှိအောင် အမြန်ဆုံးစုပ်ထုတ်ပေးလျှက်ရှိကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။

မိတ္ထီလာ (ပြန်/ဆက်)

No comments:

Post a Comment