Friday, November 4, 2016

မောင်တောမြို့ပေါ်ရှိ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ခရိုင်ဆေးရုံနှင့်ဈေးများ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိ


မောင်တော   နိုဝင်ဘာ 
မောင်တောခရိုင်အတွင်း အောက်တိုဘာ ၉ ရက်က အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုဖြစ်စဉ်များဖြစ်ပွား ခဲ့သောကြောင့် ယာယီပိတ်ထားခဲ့ရသည့် မောင်တောမြို့ပေါ်မှ စာသင်ကျောင်းများမှာ အောက်တိုဘာ ၂၄ ရက် က ပြန်လည်ဖွင့် လှစ်ခဲ့ပြီး မြို့ပေါ်ရှိဈေးများတွင်  အရောင်းအ၀ယ်နည်းပါးခဲ့ရာမှ ပုံမှန်အခြေအနေအတိုင်း ပြန် လည်ရောင်းဝယ်နေကြပြီ ဖြစ်သည်။




ကျောင်းများပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်နေမှုနှင့် ပတ်သက်၍ မောင်တောမြို့ အထက(၂)မှ ကျောင်း အုပ်ဆရာမကြီး ဒေါ်လှမေသိန်းကဆရာမတို့ကျောင်းက မူလတန်း၊ အလယ်တန်း၊ အထက်တန်းရှိတဲ့အထဲမှာ ကျောင်းသားကျောင်းသူစုစုပေါင်း ၂၃၀၀ လောက်ရှိပြီး သင်ကြားရေးဆရာဆရာမ ၆၉ ယောက်ရှိပါတယ်။ ကျောင်းမှာက ကျောင်းသားများတော့ စာသင်ခန်းမလောက်တော့ စာသင်ချိန်ကို နှစ်ချိန်ခွဲပြီးသင်ကြားပေးနေရ ပါတယ်။ မနက်ပိုင်းက KG ကနေ တတိယတန်းအထိပါ။ နေ့လယ်ပိုင်းကတော့ စတုတ္ထတန်းကနေ ဒသမတန်း အထိပါ ကျောင်းရဲ့နောက်က ခြံစည်းရိုးက ယာယီကာထားတာဖြစ်လို့ ကျောင်းသားမိဘတွေနဲ့ ဆရာ၊ဆရာမ တွေက ခြံစည်းရိုးကာပေးစေချင်ပါတယ်။ဟု ပြောကြားသည်။
မောင်တောမြို့နယ်တွင် မူလတန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းအပါအ၀င် ကျောင်းပေါင်း ၁၈၃ ကျောင်းရှိပြီး အောက်တိုဘာ ၉ ရက်က ဖြစ်ပွားခဲ့သော အကြမ်းဖက်စီးနင်းတိုက်ခိုက် မှုဖြစ်ပွားပြီးနောက် မြို့ပေါ်ရှိကျောင်းများနှင့် ကျေးရွာအများစုမှ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သော်လည်း အချို့ကျေးရွာများမှ စာသင်ကျောင်းအချို့ ပြန်လည်မဖွင့်လှစ်နိုင်သေးကြောင်းသိရသည်။
ကျွန်တော်တို့ အထက(၁)ကတော့ ပုံမှန်ကျောင်းပြန်ဖွင့်ရက်ဖြစ်တဲ့ အောက်တိုဘာ ၂၄ ရက်ကတည်း က ပြန်ဖွင့်ပါတယ်။ ကျောင်းသားတွေအားလုံးအပြည့်အစုံ ပြန်မတက်ကြသေးပါဘူး။ ကျွန်တော်တို့ကျောင်းမှာ ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၆၄၀ ကျော်ရှိပါတယ်။ ဆရာ၊ ဆရာမ ကတော့ ၅၂ ယောက်ရှိပါတယ်။ မ နေ့ကတက်တဲ့ ကျောင်းသား၊ကျောင်းသူစုစုပေါင်းကတော့ ၄၀၀ ကျော်ရှိပါတယ်။ လာတဲ့ကျောင်းသားတွေကို တော့ စာသင်ပေးနိုင်ပါတယ်။ တချို့စိုးရိမ်တဲ့မိဘတွေက မလွတ်ပေးသေးတာလည်းတွေ့ရပါတယ်။ဟု မောင် တောမြို့အထက(၁) ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်သိန်းက ရှင်းပြသည်။
မောင်တောမြို့ပေါ်ရှိ ပြည်သူအများစု မှီခိုအားထားပြုနေသည့် မြို့မဈေးနှင့် ပျံကျဈေးများမှာ မောင် တောခရိုင်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ပုံမှန်အတိုင်းဖွင့်လှစ်ရောင်းချခဲ့သော် လည်း အရောင်းအ၀ယ်နည်းပါးခဲ့ကာ ဈေးနှုန်းအတက်အကျအနည်းငယ်ရှိခဲ့ရာမှ ယခုအခါ ပုံမှန်အနေအထား သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။ မြို့ပေါ်ရှိ ပျံကျဈေးမှာ တိုင်းရင်းသားအများစု ရောင်း၊၀ယ်ကြသည့်ဈေး ဖြစ်ပြီး မြို့ပေါ်နေပြည်သူများအပြင် သစ်တော၊ သာယာကုန်း စသည့် ကျေးရွာများစွာအတွက် အဓိကအားထား ရသည့်ဈေးဖြစ်သည်။
ဒီပျံကျဈေးကတော့ နံနက် ၆ နာရီလောက်ကနေ ၁၂ နာရီလောက်အထိတော့ အရောင်းအ၀ယ်မပျက် ပါဘူး။ဈေးနှုန်းအတက်အကျကတော့ လမ်းပန်းဆက်သွယ်ရေးအရ သယ်ယူပို့ဆောင်စရိတ်အပေါ်မှာမူတည်ပြီး အတက်အကျရှိပါတယ်။ ဒီဈေးကတော့ ပိတ်တယ်ဆိုတာမရှိပါဘူး။ ဈေးကတော့ အမြဲဖွင့်ပေးထားပါတယ်။ အ ရေးအခင်းနည်းနည်းဖြစ်သွားရင် လူနည်းသွားတာနဲ့ ငြိမ်သွားရင် ပြန်များလာတာပါပဲ။ ကုန်ဈေးနှုန်းတစ်ရာ နှစ်ရာတက်တာတော့ ရှိပါတယ်။ ရောင်းတာကတော့ အခါတိုင်းလောက်တော့ မကောင်းလှဘူး။ အဆင်ပြေ အောင်ရောင်းရတဲ့အဆင့်ပဲရှိတယ်။ လေးမိုင်တို့ သာယာကုန်း၊ သစ်တောတို့ဘက်ကလာတာများတယ်။ အရင် တုန်းကတော့ စည်ကားတာပေါ့။ အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း အခုတော့ တစ်ဖြည်းဖြည်း နဲ့ ပြန် စည်ကားလာပါပြီ မောင်တောမြို့နယ် သုံးမိုင်ရပ်ကွက်မှ ဦးလှမိုးက ရှင်းပြသည်။
ထို့ပြင် မောင်တောမြို့ပေါ်ရှိ ခရိုင်ဆေးရုံမှာလည်း ပုံမှန်အတိုင်းပြန်လည်လည်ပတ်လျက်ရှိသည်။ ဆေး ရုံပုံမှန်လည်ပတ်မှုအတွက် အခက်အခဲတစ်စုံတရာမရှိခဲ့ပါဘူး။ အရင်တုန်းကလည်း ဒီတိုင်းပါပဲ။ အခုလည်း ဒီအ တိုင်းပါပဲ။ ဆေးဝါးကုသတဲ့နေရာမှာလည်း ခွဲခြားမှုမရှိပါဘူး။ တိုင်းရင်းသားပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဆေးရုံကို ရောက်လာတဲ့လူနာဟာ ကိုယ့်လူနာလို့ပဲ သဘောထားပြီး ဆေးဝါးကုသမှုတွေ ပေးနေပါတယ်။ ပုံမှန်ထက်စာ ရင် လူနာအရေအတွက်တော့ နည်းသွားပါတယ်။ အခု အတွင်းလူနာ ၂၂ ဥင်္ီးရှိပါတယ်။ ပုံမှန်ဆိုရင် ၃၀ ကျော် ၄၀ ရှိပါတယ်။ တချို့နယ်ဘက်ကလာရမယ့် လူနာတွေက လုံခြုံရေးအရ မလာတဲ့အတွက် နည်းသွားတယ်လို့ ထင်ပါတယ်။ဆေးရုံမှာ ဆေးဝါးကုသမှုပေးနေတဲ့ ဆရာဝန်တွေ အပါအ၀င် ၀န်ထမ်း ၂၀ ကျော်ရှိပါတယ်။ ဆေး ရုံကတော့ ခုတင် ၅၀ ဆံ့ဆေးရုံပါ။ ဟု မောင်တောမြို့ ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာ မြတ်ထွန်းခိုင် က ရှင်းပြသည်။
(သတင်းစဉ်)

No comments:

Post a Comment