Friday, November 25, 2016

ပထမ အကြိမ် မြန်မာ-တရုတ်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး ၀န်ကြီးဌာနတို့ ဦးဆောင်သည့် ၂+၂ အဆင့်မြင့်ဆွေးနွေးပွဲ ကျင်းပ


နေပြည်တော် နိုဝင်ဘာ ၂၅
ပထမအကြိမ် မြန်မာ-တရုတ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ် ရေးဝန်ကြီးဌာနတို့ ဦးဆောင်သည့် ၂+၂ အဆင့်မြင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းသည်။
အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်၊ ပြည်ထဲရေးဝန်ကြီးဌာန
၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ် များနှင့် တာဝန်ရှိသူများ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး မစ္စတာ လျိုကျန်းမင်နှင့် ဗဟိုစစ်ကော်မရှင်၊ ကွန်မြူနစ်ပါတီ ဒုတိယညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး Mr.Xu Fenlin တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက် ကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယ၀န်ကြီး ဦးကျော်တင်က အဖွင့်အမှာစကားပြောကြားပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး မစ္စတာ လျိုကျန်းမင်က နှုတ်ခွန်းဆက် စကားပြောကြားသည်။
ထို့နောက် မြန်မာ-တရုတ် နယ်စပ်ဒေသများလုံခြုံရေး၊ တည်ငြိမ်မှုရှိရေးနှင့် စီမံခန့်ခွဲရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံမှ ဆက်လက် အကူအညီပေးရေးနှင့် မြန်မာဘက်မှ အပြုသဘောဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ် များ၊ မြန်မာ-တရုတ်နယ်စပ်ဒေသများ၌ တရားမ၀င် ၀င်ထွက်သွားလာမှုများ တားဆီး ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသများတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဝင်ကူးသန်း ရောင်းဝယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြားကိစ္စရပ်များကို အပြန် အလှန်ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးများက နိဂုံးချုပ်အမှာစကားပြောကြားကြသည်။
နှစ်နိုင်ငံဆွေးနွေးပွဲအပြီးတွင် ဒုတိယ၀န်ကြီး ဦးကျော်တင်က တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး မစ္စတာ လျိုကျန်းမင်နှင့် ဗဟိုစစ်ကော်မရှင်၊ ကွန်မြူနစ် ပါတီ ဒုတိယညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး Mr.Xu Fenlin တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။

No comments:

Post a Comment