Monday, November 28, 2016

လွှတ်တော်ရန်ပုံငွေဖြင့်ကျေးရွာခြင်းဆက်မြေသားလမ်း ဂျင်းမြေခင်း


ဘုတလင် နိုဝင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ် လေးမြေကျေးရွာအုပ်စုအတွင်းရှိ ယုန်လှေးကုန်း ကျေးရွာနှင့် သမ္မတောကျေးရွာတို့ကို ဆက်သွယ်ထားသော မြေသားလမ်းအား ဂျင်းမြေခင်းခြင်းလုပ်ငန်းများ ကို လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

ယုန်လှေးကုန်း ကျေးရွာနှင့်သမ္မတောကျေးရွာတို့ကို ဆက်သွယ်ထားသော အဆိုပါမြေသားလမ်းသည် မိုးရာသီတွင် သွားလာရန်ခက်ခဲမှုများ ရှိခြင်းကြောင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် လွှတ်တော်ရန်ပုံငွေ သိန်း တစ်ထောင်မှ ခွဲဝေသုံးစွဲပြီး မြေသားလမ်းမှဂျင်းမြေလမ်းအဖြစ်တိုးမြှင့်ခင်းကျင်းပေးခြင်း ဖြစ်ကြောင်းသိရသည်။
'' ဒီလမ်းက ကျေးရွာနှစ်ရွာလုံးက ပြည်သူတွေက ပတ်ဝန်းကျင် ကျေးရွာတွေကိုပဲဖြစ်ဖြစ်၊ ဘုတလင်မြို့ ကိုပဲဖြစ်ဖြစ်၊ မုံရွာမြို့ကိုပဲ ဖြစ်ဖြစ်သွားလာတဲ့အခါမှာ အားကိုးအားထားပြုနေရတဲ့ အလွန်အသုံးဝင်တဲ့လမ်း ဖြစ်ပါတယ်၊ နွေရာသီမှာ သွားလာလို့ အဆင်ပြေပေမဲ့ မိုးရာသီ မိုးရွာပြီဆိုရင် ရွှံ့ဗွက်ထပြီး သွာလာလို့ မရဖြစ်တဲ့အတွက် အလွန် ဒုက္ခရောက်ပါတယ်၊ အခုဂျင်းမြေခင်းလမ်းဖြစ်သွားတဲ့အတွက် အဆင်ပြေမယ် လို့တော့ မျှော်လင့်ပါတယ်'' ဟုလေးမြေကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ပြောသည်။
အဆိုပါ ယုန်လှေးကုန်း ကျေးရွာနှင့် သမ္မတော ကျေးရွာတို့ကို ဆက်သွယ်ထားသောမြေသားလမ်း အား ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် လွှတ်တော်ရန်ပုံငွေ သိန်းတစ်ထောင်မှ ခွဲဝေရရှိသော ငွေကျပ်သိန်း(၄ဝ)ဖြင့် အရှည်ပေ (၃၉၆ဝ)ကို (၁၂)ပေအကျယ်(၆)လက်မအမြင့်ရှိ ဂျင်းမြေခင်းခြင်းလုပ်ငန်းကို နိုဝင်ဘာလ(၂၅)ရက် နေ့မှ စတင်ခင်း ကျင်းပေးလျက်ရှိကြောင်း သိရသည်။
မင်းဝေ(မုံရွာ)



No comments:

Post a Comment