Monday, November 28, 2016

ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး ကျေးရွာချင်းဆက်လမ်းများ ကျောက်ချောခင်းခြင်း ဆောင်ရွက်


 တောင်သာ  နိုဝင်ဘာ ၂၈ 
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့ နယ် ကျေးလက်ဒေသ ဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ခွင့်ပြုရန် ပုံငွေများဖြင့်မြို့ နယ် အတွင်းကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားရေးနှင့်လမ်းပန်း ဆက်သွယ်ရေး လွယ် ကူချောမွေ့ စေရေးအတွက် မကြီးကုန်း-ညောင်ကုန်း-ပန်းပေါင်းလမ်း ကျောက်ချောခင်းခြင်းများ ကိုတင်ဒါစနစ်ဖြင့်
လုပ်ငန်းများဆောင် ရွက်လျက်ရှိရာ နိုဝင်ဘာ(၂၈)ရက်ကမြို့ နယ် ကျေးလက်ဒေသဖွံ့ ဖြိုး တိုးတက်ရေ ဦးစီးဌာနဦးစီးမှူး ဦးအောင်ကြည်မြင့်က မကြီးကုန်း-ညောင်ကုန်း-ပန်းပေါင်းလမ်းကျောက်ချော ခင်းခြင်း(၁/၄)မိုင်လုပ်ငန်း (၀/၂)မိုင်နှင့် (၀/၃)မိုင်ကြား(၉)လက်မထုကျောက်စီနေခြင်း လုပ်ငန်းများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။


တောင်သာ(ပြန်/ဆက်)

No comments:

Post a Comment