Monday, November 28, 2016

မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော် မန်းချောင်းအတွင်း သင်ပုတ်ပလ္လင် တစ်ခု တွေ့ရှိ


မင်းဘူး    နိုဝင်ဘာ      ၂၈
နိုဝင်ဘာလ ၂၆ ရက် နေ့လည် (၁၂) နာရီ အချိန်က  သင်ပုတ်ပလ္လင် တစ်ခုကို မန်းရွှေစက်တော် ဘုရားပွဲ အတွက် သောင်ပြင်ဆင်ရေးလုပ်ရာမှ မြေထိုးစက်များဖြင့် မြေများသယ်ပို့စဉ် မန်းရွှေစက်တော် ရဲကင်းတည့်တည့် သောင်ပြင်အလယ်မှ အမရပူရခေတ် သင်ပုတ်ပလ္လင်တစ်ခု တွေ့ရှိရကြောင်းသိရသည်။

အဆိုပါသင်ပုတ်ပလ္လင် မှာ သဲကျောက်ကို ထုလုပ်ထားပြီး အမြင့် ၁၈ လက်မ လုံးပတ် ၃၈ လက်မ နှင့် အချင်း ၁၈ လက်မ ရှိကြောင်းသိရသည်။ အောက်စက်တော်ရာမှာ ယခင်က ထားရှိခဲ့သည်ဟု ယူဆရပြီး ရေစီးနှင့် နစ်မြူပ်ခဲ့ရာမှ ယခုလို တူးဖော်တွေ့ရှိရကြောင်းသိရသည်။
၁၁၈၂ နှစ် ၊ ၀န်းကျင်မှ သဲကျောက်ကို ထုလုပ်ထားသော ဆင်ရုပ်ခံ မီးတိုင်များ ၊ကျောက်ထီး အစအနများ ကိုလည်း ၂၀၁၃ ခုနှစ်က ရွှေစက်တော် သောင်ပြင်မှာ တွေ့ရှိ ၍  သိမ်းဆည်းထားကြောင်း သိရသည်။ ထို့ပြင်  ၂၀၀၉ ခုနှစ် က ဘုရားပွဲတော်အချိန်တွင် ရေငုပ်သမား ကိုဆင်ပေါက်နှင့်အဖွဲ့တို့ မန်းချောင်းအတွင်း ရေငုပ်ရာမှ လူ(၄) ဦး ခန့်မယူရလောက်သည့် သဲကျောက်သပိတ် ကြီးတစ်လုံးကိုလည်း တွေ့ရကြောင်းသိရသည်။
´´ အခု တွေ့ရတဲ့ သင်ပုတ်ပလ္လင် က ခြေတော်ရာကို ပူဇော် ဆွမ်းကပ်လှူပြီး ဆွမ်းတွေစွန့်ဖို့ ပြုလုပ်ထားတဲ့ ပလ္လင်ဖြစ်ပါတယ်။ အရင်တွေ့ရှိခဲ့တဲ့ ပစ္စည်းတွေနဲ့ အတူ ရွှေစက်တော် ရှေ့ဟောင်းပစ္စည်းစာရင်းမှာ ထည့်သွင်းပြီး အများပြည်သူ ဘုရားဖူးတွေ လေ့လာနိုင်ဖို့ ပြသထားပါမယ်`` ဟု သမိုင်းသုတေသီ ဂေါပက ဦးကျော်စိန်ဝင်းက ပြောသည်။

သန်းဌေး(မင်းဘူး)

No comments:

Post a Comment