Thursday, November 10, 2016

မင်းဘူးမြို့တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်လှစ်

မင်းဘူး       နိုဝင်ဘာ       ၁၀
ကျေးလက်နေတောင်သူများ လယ်ယာသုံးစက်ကိရိယာများ ကျွမ်းကျင်စွာ ကိုင်တွယ် မောင်းနှင်နိုင်ရန်နှင့် လယ်ယာလုပ်ငန်းခွင်အတွင်း တွင်ကျယ်စွာ အသုံးပြု ပြုပြင်ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း ဖွင့်ပွဲအား မင်းဘူးမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၈)စက်မှုလယ်ယာစခန်းတွင် နိုဝင်ဘာလ (၉)ရက်နေ့ နံနက် (၈)နာရီက ကျင်းပဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး၊ စက်မှုလယ်ယာ ဦးစီးဌာန၊မင်းဘူးခရိုင် ဦးစီးဌာနမှူး ဦးခင်မောင်ဝင်းမှ လယ်ယာသုံးစက်ကိရိယာ မောင်းနှင် ထိန်းသိမ်းမှု (အခြေခံ)သင်တန်း ဖွင့်လှစ်ရခြင်း အကြောင်း ရှင်းလင်းပြောကြားကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် သင်တန်းတက်ရောက်လာသော ကျေးလက်နေတောင်သူများအား လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ခြင်းနှင့် ပြုပြင် ထိန်းသိမ်းခြင်းများကို စာတွေ့/လက်တွေ့သင်ကြားပေးခဲ့သည်။

အဆိုပါသင်တန်းသို့ မင်းဘူး မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၇)အုပ်စုမှ တောင်သူ သင်တန်းသား(၃၉)ဦးအား နိုဝင်ဘာလ(၉)ရက်နေ့မှ (၂၀)ရက်နေ့ထိ (၁၂)ရက်ကြာ ကျွမ်းကျင်တတ်မြောက်သည်အထိ စာတွေ့/လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


တင်ထွန်းဦး(မင်းဘူး-ပြန်/ဆက်)

No comments:

Post a Comment