Thursday, November 10, 2016

ဒေသခံပြည်သူများအတွက် စက်ရေတွင်း တူးဖော်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်း စစ်ဆေး

ဝါးခယ်မ နိုဝင်ဘာ ၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊  ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဒေသခံပြည်သူများ၏  သောက်သုံးရေအတွက် စက်ရေတွင်း တူးဖော်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို နိုဝင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီတွင် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။

ယင်းသို့ ကွင်းဆင်း စစ်ဆေးရာတွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးအောင်နှင့် ဝန်ထမ်းများက စက်ရေတွင်း တူးဖော်သည့်လုပ်ငန်း ဆောင်ရွက်နေသော ကျုံလတာဝကျေးရွာအုပ်စု ရေနက်ချောင်းကျေးရွာ၊ မြဂိုးကြီးကျေးရွာအုပ်စု ကုလားချောင်းကျေးရွာ၊ အထက်ပေကုန်းကျေးရွာနှင့် မိုးမခအုတ်ကျင်း ကျေးရွာအုပ်စု ကျွဲလမ်းကြီးကျေးရွာများသို့ လိုက်လံကာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာ ရေပေးဝေရေး ကော်မတီဝင်များနှင့် တွေ့ဆုံကာ တင်ဒါရ သိန်းအုပ်စိုးကုမ္ပဏီမှ စက်ရေတွင်း တူးဖော်ဆောင်ရွက်နေမှုကို ကြည့်ရှု့ စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း (မူလ) ရံပုံငွေဖြင့် အဆိုပါ ကျေးရွာ လေးရွာအား ငွေကျပ် ၈၀၀ သိန်းဖြင့် စက်ရေတွင်း တူးဖော်ခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက်နေပြည်သူများ ရေကောင်းရေသန့် သုံးစွဲနိုင်စေရေးနှင့် လုပ်ငန်းများ စနစ်တကျ အချိန်မီပြီးစီးရေးအတွက် ကြပ်မတ် စစ်ဆေးပေးခြင်း ဖြစ်ကြောင်း  လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးအောင်၏ ပြောပြချက်အရ သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment