Thursday, November 10, 2016

ကဗျာကြီးကျေးရွာ၊ မဟာဇယမင်္ဂလာရာမကျောင်းတိုင်ဆရာတော်၏ မွေးနေ့မင်္ဂလာ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကျင်းပ

ခေါဇာ    နိုဝင်ဘာ ၁၀
မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့၊ ကဗျာကြီးကျေးရွာ၊ မဟာဇယာမင်္ဂလာရာမကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဇယမင်္ဂလ၏ မွေးနေ့ မင်္ဂလာအထိမ်းအမှတ်၊ ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို နိုဝင်ဘာလ ၉ ရက် နေလည် ၁ နာရီက ယင်းကျေးရွာ ဘောလုံးကွင်းတွင် ကျင်းပသည်။

ယင်းနောက်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပထမပွဲစဉ်အဖြစ် ကဗျာကြီး ကျေးရွာအသင်းနှင့် ရင်းဒိန်းကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကြရာ ကဗျာကြီးကျေးရွာက ၂ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ ဒုတိယပွဲစဉ်အဖြစ် ခေါဇာမြို့အသင်းနှင့် တိုးတက်ရွာသစ်ကျေးရွာအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကြ ရာ တိုးတက်ရွာသစ်အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အသီးသီး အနိုင်ရရှိခဲ့သည်။
ပြိုင်ပွဲကို အနီးအနားကျေးရွာများမှ ဘောလုံးအသင်း ၆ သင်းဝင်ရောက်ယှဉ်ပြိုင်ကြပြီး တစ်ရက်ကို နှစ်ပွဲစီ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခေါဇာ(ပြန်/ဆက်)

No comments:

Post a Comment