Friday, November 4, 2016

ကုန်သွယ်မှုလျော့နည်းရသည့် အကြောင်းရင်း၊ ကုန်သွယ်မှု တိုးမြှင့်ရေး အတွက် တရားမဝင် ကုန်သွယ်မှု တားဆီးရမည့် အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်း




နေပြည်တော် နိုဝင်ဘာ ၃

ကုန်သွယ်မှု လျော့နည်းရသည့် အကြောင်းရင်း၊ ကုန်သွယ်မှုတိုးမြှင့်ရေးအတွက် တရားမဝင် ကုန်သွယ်မှုတားဆီးရ မည့် အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပွဲကို အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ၁ နာရီက နေပြည်တော်၊ ဟိုတယ် ဇုန်ရှိ Hilton Hotel ၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် တက်ရောက်အမှာ စကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြား ရာတွင် နယ်စပ်ကုန်သွယ်ရေး လမ်း ကြောင်းများမှနေ၍ တရားမဝင်သွင်းကုန် များကို ပိုမိုတင်သွင်း လာကြခြင်းနှင့် ပြည်တွင်းမှ အဖိုးတန်ထွက်ကုန်များကို ပိုမိုတင်ပို့နေ ကြခြင်းများအား တားဆီး ထိန်းချုပ်အရေးယူရန် စီမံဆောင်ရွက် ထားခြင်း ရှိ/မရှိ ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းချက်နှင့်ပတ်သက်၍ ဒုတိယ အကြိမ် အမျိုးသားလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးတွင် ဖြေကြား ခဲ့ပြီး ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှု များအား ထိရောက်စွာ တားဆီးနိုင်ရေး အတွက် သက်ဆိုင်ရာပြည်နယ်အစိုးရ များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ အဖွဲ့အစည်းများ၊ ကုန်သည် လုပ်ငန်းရှင်များ အပိုင်းမှလည်း တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှု တို့ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ ယခုနှစ် မိုးစပါးပေါ် ချိန်တွင် စပါးဈေးနှုန်းများ ကျဆင်းနေမှုနှင့်စပ်လျဉ်း၍ မိမိဦးဆောင်ပြီး သက်ဆိုင်ရာဆန်စပါး အသင်းအဖွဲ့များ၊ ပြည်ပသို့ ဆန်အများ ဆုံးတင်ပို့သည့် ကုမ္ပဏီများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါကြောင်း၊ တောင်သူများ ထုတ်လုပ်မှု စရိတ် ကာမိစေရေး အတွက် နိုဝင်ဘာလအတွင်း စပါးအတိုင်း ပြည်ပသို့ ယာယီအစီအစဉ်ဖြင့် တင်ပို့ခွင့် ပြုပေး သွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် တက်ရောက်လာကြ သော တိုင်းဒေသကြီးနှင့်ပြည်နယ် စီမံ/ စီးပွားဝန်ကြီးများက မိမိတို့ ဒေသ အတွင်း ကုန်စည်စီးဆင်းနေမှုနှင့် တွေ့ကြုံနေရသည့် အခက်အခဲများ၊ ကုန်သွယ်မှုလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင် အကောင် အထည်ဖော် ဆောင်နေမှုတို့အား ရှင်းလင်း တင်ပြကာ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းပေါင်း စပ်ပေး သည်။

(သတင်းစဉ်)

No comments:

Post a Comment