Wednesday, November 2, 2016

မုံရွာဓာတ်ပုံအသင်း ရုံးဖွင့်လှစ်ခြင်းနှင့် အသင်းဆိုင်းဘုတ်တင်ပွဲ ကျင်းပ


မုံရွာ နိုဝင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ရတနာပုံရပ်ကွက် အမှတ်(၃)လမ်းတွင် မုံရွာဓာတ်ပုံအသင်းရုံး ဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင်ပွဲကို နိုဝင်ဘာလ(၁)ရက်နေ့ နံနက် (၈)နာရီက ကျင်းပရာ အထက်မြန်မာပြည် ဓာတ်ပုံအသင်းမှ နာယကများနှင့် တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး ဓာတ်ပုံ အသင်းတို့မှ တာဝန်ရှိသူများ၊ မုံရွာ မြို့မှ ဓာတ်ပုံပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။


အခမ်းအနားတွင် မုံရွာဓာတ်ပုံအသင်းမှ နာယကဦးထိန်လင်းကျော်နှင့် အသင်းဥက္ကဌဦးဇော်ဝင်းက နှုတ်ခွန်းဆက်စကားများ ပြောကြားပြီး အထက်မြန်မာပြည်ဓာတ်ပုံအသင်းမှ နာယက ဦးမျိုးသန်းမှ အကြံပြု စကားပြောကြားပြီး၊ မုံရွာဓာတ်ပုံအသင်း ဘဏ္ဍာရေးမှူး ကိုနိုင်မင်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် မုံရွာဓါတ်ပုံအသင်း ဆိုင်းဘုတ်အား အထက်မြန်မာပြည်ဓာတ်ပုံအသင်းမှ နာယက ဦးမျိုးသန်းနှင့် မုံရွာ ဓာတ်ပုံအသင်း နာယကဦးထိန်လင်းကျော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
မုံရွာဓာတ်ပုံအသင်းအား စက်တင်ဘာလ(၉) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အသင်းရုံးနှင့် ဆိုင်းဘုတ် တင်ပွဲအား နိုဝင်ဘာလ ၂ ရက်နေ့တွင် မုံရွာမြို့၊ ရတနာပုံရပ်ကွက် အမှတ်(၃)လမ်းတွင် ကျင်းပခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

မုံရွာ (ပြန်/ဆက်)

No comments:

Post a Comment