Wednesday, November 2, 2016

မြစ်သားမြို့ စမုံမြစ်ရေလျှံရာ ကျေးရွာအုပ်စုများအတွင်း ရေ၀င်ရောက်ရာမှ ရေလျော့ကျလျက်ရှိ


မြစ်သား နိုဝင်ဘာ ၂
မနလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် မိုးများ အဆက်မပြတ် ရွာသွန်းလျက်ရှိသောကြောင့် စမုံမြစ်ရေလျှံရာ ကျေးရွာအုပ်စုများအတွင်း ရေ၀င်ရောက်ရာမှ နိုဝင်ဘာ၂ရက်နေ့တွင် ရေလျော့ကျလျက်ရှိပြီး ဆင်ခြံတံတား သုံးစင်းလည်း ရေသုံးပေခန့်လျော့ကျကာ ရေများဝင်ရောက်ခဲ့သော လယ်ဧကများကို သက်ဆိုင်ရာဌာနဆိုင်ရာများက လိုက်လံစာရင်းများ ကောက်နေကြောင်း သိရသည်။ 

ရေ၀င်ရောက်သောရွာများမှာ ကင်းစိန်ဈေး (၁၃)အိမ်၊ ပေါက်မြိုင် (၈၂)အိမ်၊ နွားကူးလေး (၁၀၁)အိမ်၊ လောင်းတော်ဦး (၃၇)အိမ်၊ အင်းရင်း (၇၂)အိမ်၊ တမာပင် (၂၅)၊ စုစုပေါင်း (၃၀၅) ဖြစ်ပြီး ပေါက်မြိုင်ကျေးရွာအုပ်စု တွင် ရေ၀င်ရောက်မှု လယ်ဧက အများဆုံးဖြစ်ရာ ဌာနဆိုင်ရာများက ထိခိုက်၊ ပျက်ဆီး ဆုံးရှုံးမှုစာရင်းကို လိုက်လံ ကောက်ယူ လျက်ရှိကြောင်းနှင့် မနလေး-မြင်းခြံ လမ်းဟောင်းပေါ် ရေကျော်ရာတွင်လည်း ရေမရှိတော့ ခရီးသွားလာသူများ လွယ်ကူ ချောမွေ့စွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။ 

မြစ်သား (ပြန်/ဆက်)

No comments:

Post a Comment