Monday, November 21, 2016

စည်းကမ်းမဲ့ယာဉ်များ ယာဉ်စည်းကမ်း လိုက်နာရေး စစ်ဆေးပညာပေး

ကျောက်ဆည်  နိုဝင်ဘာ   ၂၁
ကျောက်ဆည်မြို့တွင် ယာဉ်မောင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး   ပညာပေးခြင်းနှင့် မြို့ပေါ်၊ ရပ်ကွက်၊ ကျေးရွာ၊ အခြေခံပညာကျောင်းများတွင် ယာဉ်စစ်ဆေးခြင်းနှင့် ဟောပြောပွဲများ ကို နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စည်းကမ်းမဲ့ယာဉ်များ ယာဉ်စည်းကမ်းနှင့်အညီ လိုက်နာရေးစစ်ဆေးရာတွင် အမှတ်(၉၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု ကျောက်ဆည်မှဗိုလ်ကြီးကျော်စိုးလွင်နှင့် တပ်ဖွဲ့ဝင်များ ယာဉ်စည်းကမ်းကြီးကြပ်ရေးကော်မတီဝင်များနှင့်ဌာန ဆိုင်ရာများသည် ကျောက်ဆည်မြို့၊ မြို့လယ်မီးပွိုင့်တွင် ဆိုင်ကယ်စီးဦးထုပ် မဆောင်းခြင်း၊ ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်မပါရှိခြင်း လမ်းပြောင်းပြန်စီးခြင်း၊ အရက်သေစာသောက်စား၍မောင်းနှင်ခြင်း၊ မော်တော်ကား  မောင်းနှင်ရာတွင် ခါးပတ်ကျိုးပတ်ခြင်းရှိ/မရှိတို့ကို စစ်ဆေးအရေးယူလျက်ရှိကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment