Monday, November 21, 2016

ဝါးသုံးတော၊ သံဖြူချောင်းကျေးရွာများတွင် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ နိုဝင်ဘာလ ၂၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်မှ စတင်၍ မြစိမ်းရောင် ကျေးရွာ စီမံကိန်း ဆောင်ရွက်လျက်ရှိသည့် သံဘိုဥယျဉ်အုပ်စု ဝါးသုံးတော၊သဲဖြူချောင်း ကျေးရွာများတွင် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ကျေးရွာမြစိမ်းရောင်ကြီးကြပ်မှု ကော်မတီ၏ စာရင်းဇယားများ ဖြည့်သွင်း ထားရှိမှုတို့အား
နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးဇော်မြင့်(နည်းပညာ)နှင့် ဝန်ထမ်းများက ကွင်းဆင်း စစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဝါးသုံးတောကျေးရွာနှင့် သဲဖြူချောင်းကျေးရွာ နှစ်ရွာသည် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအား နှစ်ရွာ တစ်ယူနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပြီး နှစ်ရွာပေါင်း အိမ်ခြေ (၁၅၄)အိမ် ရှိပြီး အိမ်ထောင်စု(၁၅၄)စုရှိ၍ စိမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ကိုင်သူ(၂၄)ဦး၊ မွေးမြူးရေးလုပ်ငန်း လုပ်ကိုင်သူ(၉၃)ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ(၁)ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ (၂)ဦးစုစုပေါင်း (၁၂၀)ဦးအား ငွေကျပ်(၃၇၇)သိန်း လက်ရှိထုတ်ချေးထားပြီး (၂)နှစ်တာ ကာလအတွင်း အတိုးရငွေ (၄၃)သိန်းကျော်အထိ တိုးတက်ရရှိ၍ မွေးမြူးရေးလုပ်ငန်းကို အဓိကဆောင်ရွက် လျက် မြစိမ်းရောင်စီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ဦးစီးမှူးမှ ပြောကြားခဲ့သည်။
မြို့နယ် (ပြန်/ဆက်)

                                                                                                            

No comments:

Post a Comment