Thursday, November 3, 2016

ငါးလုပ်ငန်းလုပ်ကိုင်သူများသို့ အတိုးနှုန်းသက်သာသော ချေးငွေများပေးအပ်


ဘားအံ နိုဝင်ဘာ ၃
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်အတွက် ကရင်ပြည်နယ်အတွင်းရှိ ငါးလုပ်ငန်း လုပ်ကိုင်သူများအား ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ရန်ပုံငွေမှ ကရင်ပြည်နယ်၏ ငါးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက် အောင်မြင်စေရန် အတိုးနှုန်း သက်သာသော ချေးငွေ ပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနရုံး ခန်းမ၌ ကျင်းပသည်။

ချေးငွေပေးအပ်ပွဲသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦး နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အင်းလုပ်ငန်းနှင့် ငါးမွေးမြူရေး လုပ်ငန်း လုပ်ကိုင်ကြသည့် ချေးငွေချေးယူသူများ တက်ရောက်ခဲ့ကြပြီး ၀န်ကြီး(၂)ဦးမှ ငါးလုပ်ငန်းဆိုင်ရာ ချေးငွေချေးယူသူ (၃၈)ဦးသို့ ချေးငွေ ကျပ် ( ၂၀၉၆ ) သိန်းအား လွှဲပြောင်း ပေးအပ်ခဲ့ကာ ချေးငွေကာလမှာ တစ်နှစ် ဖြစ်ကြောင်း သတင်းရရှိသည်။

ဘားအံ (ပြန်/ဆက်)

No comments:

Post a Comment