(ဦးနိုင်ဝင်းသိန်း)
တွေ့ဆုံမေးမြန်း - မောင်စိန်လွင်
နှင့် အဖွဲ့
ဓာတ်ပုံ - ဖိုးထောင်နှင့်
ခရိုင်ငါးလုပ်ငန်းဦးစီး
(ဦးနိုင်ဝင်းသိန်း၊
ဒုတိယညွှန်ကြားရေးမှူး၊ မောင်တောခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်တွေ့ဆုံ
မေးမြန်းခြင်း)
ရခိုင်ပြည်နယ်
မောင်တောမြို့တွင် အောက်တိုဘာ ၉ ရက်က ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုကြောင့် အခြေခံစားသောက်ကုန်များနှင့် သားငါးတို့မှာ သိသိသာသာရှားပါးမှုများ
ဖြစ်ပေါ်ခဲ့ပြီး ဈေးနှုန်းများ အဆမ တန်မြင့်မားခဲ့သည်။
ယခင်က ရေငန် ငါး၊
ပုစွန် ပေါများသောဒေသသည် အဆိုပါကာလတွင် သားငါး၊ ပုစွန် ထုတ်လုပ်မှုမှာ အဆမတန်ကျဆင်းခဲ့သောကြောင့်
ပြည်သူများ အခက်အခဲကြုံတွေ့နေရမှုအပေါ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ
ခရိုင်ငါးလုပ်ငန်းဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဦးနိုင်ဝင်းသိန်းအား သတင်းအဖွဲ့အနေဖြင့်
မောင်တောခရိုင်ဒေသအတွင်း ငါး၊ ပုစွန် တိုးချဲ့ဆောင်ရွက်မှု အနာဂတ်လုပ် ငန်းစဉ်များနှင့်
ပတ်သက်၍ သွားရောက်တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်များကို ရေးသားဖော်ပြ လိုက်ပါသည်။
မေး- အကြမ်းဖက် မှုဖြစ်ပွားပြီးတဲ့နောက်ပိုင်း မောင်တောမြို့ပေါ်နဲ့
ကျေးလက်ဒေသတွေမှာ သားငါး၊ ပုစွန် ထုတ်လုပ်မှု တွေ အဆမတန်
ကျဆင်းခဲ့ရတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာရော သားငါး၊ ပုစွန် ထုတ်လုပ်မှုနဲ့ပတ်သက် ပြီး ဘယ်လိုအခြေအနေရှိပါသလဲ။
ဖြေ- အဲဒီတုန်းက မောင်တောမြို့နဲ့အနီးဝန်းကျင်မှာ ငါး၊ ပုစွန် ထုတ်လုပ်မှု
အဆမတန် ကျဆင်းခဲ့ တယ် ဆိုတာမှန်ပါတယ်။ အဲဒီနောက်ပိုင်း အရေးပေါ် အခြေအနေကလည်း ထုတ်ပြန်ထားတာဆိုတော့
လူတွေကဘာပဲ လုပ်လုပ် အကြောက်တရားနဲ့ လုပ်ကိုင်နေကြရတာ။ အဲဒါကြောင့် ထုတ်လုပ်မှု ကျဆင်းခဲ့ပေမယ့်
အခုရက်ပိုင်း အတွင်း မှာတော့ ရေငန်းပုစွန်ရော၊ သားငါးတွေပါ ဈေးကွက်ထဲ ပြန်ဝင်လာပါပြီ။
ဒါပေမယ့် အရင်ကလောက်တော့ မ၀င်သေးဘူးပေါ့။ နောက်ပိုင်းဆိုရင်တော့ မူလအခြေအနေအတိုင်း
ပြန်လည်ရောက်ရှိသွား မှာပါ။
မေး- အခုလိုဖြစ်တာ မောင်တောခရိုင်အတွင်း
ရေချိုငါး ရှားပါးမှုနဲ့ရော ဆိုင်ပါသလား၊ ရေချိုငါး ရှားပါးမှုကို ကာကွယ်နိုင်အောင် ခရိုင်ငါးလုပ်ငန်း
ဦးစီးဌာနအနေနဲ့ ဘယ်လိုစီမံဆောင်ရွက်သွားဖို့ရှိပါသလဲ။
ဖြေ- ပြောရရင် ဒီမောင်တောမြို့မှာက ဟိုအရင်ကတည်းက ရေငန်ငါး၊
ရေငန်ပုစွန်ကိုပဲ အဓိကထား မွေးမြူ ထုတ် လုပ်ရောင်း
ချနေကြတာပါ။ ဒီဒေသက ပင်လယ်နဲ့နီးတော့ ရေငန်ပုစွန်နဲ့ပင်လယ် ရေငန်းငါး ပဲရှိခဲ့တာ။
ရေချိုငါးမွေးမြူတဲ့
အကျင့်မရှိသလို စားသုံးတဲ့အလေ့အထမရှိသလောက်နည်းနေသေးတယ်။ မောင်တော ဒေသက ကမ်းရိုးတန်းဒေသနဲ့ ပင်လယ်ထိစပ်နေတော့
ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းတွေပဲ များများစားစား
ရှိခဲ့တာ။ အခုရခိုင်ပြည်နယ်မှာ ရေငန် ပုစွန်မွေးမြူရေးကန် တစ်သိန်းကျော် ရှိပါတယ်။
ရေချိုငါးမွေးမြူရေး ကတော့ တစ်ထောင်မကျော်သေးပါဘူး။ ဘူးသီးတောင်ဆို ရေချိုငါးမွေးကန်အရင်က
၁၀၀ လောက်ပဲရှိခဲ့တာ။ အခု ၃၀၀ကျော်အထိ တိုးလာပြီ။
မောင်တောမှာဆိုလည်း အရင်က ရေချိုငါးမွေးတာ ၁၀ ကန်တောင်မရှိခဲ့ဘူး။ အခု နောက်ပိုင်းတော့
ရေချိုငါးမွေးမြူနိုင်အောင်နဲ့ ရေငန်ပုစွန်းသားဖောက်စခန်းတွေ များများစား တိုးချဲ့နိုင်
အောင် လုပ်နေပါတယ်။ သားဖောက်စခန်းတွေ များပြားလာမှ မွေးမြူရေးလုပ်ငန်းတွေကိုလည်း ယခုထက်ပိုမို
အကောင် အထည် ဖော်ပေးနိုင်မှာဖြစ်ပါတယ်။
မေး- ရေချိုငါး မွေးမြူရေးကန်တွေကို
လုပ်ငန်းတိုးချဲ့ဖို့ စီစဉ်ထားတယ်လို့သိရတယ်။ ဘယ်လိုတိုးချဲ့ပြီး ဘယ်အချိန်လောက် စတင်အကောင်အထည်ဖော်ဖြစ်မလဲ။
ဖြေ- ဟုတ်ပါတယ်။ ဒေသတွင်း ငါး၊ ပုစွန် စားနပ်ရိက္ခာဖူလုံစွာ ရရှိနိုင်ဖို့နဲ့
ဒေသတွင်း အလုပ်အကိုင်အခွင့် အလမ်းရ ရှိစေဖို့ ကျွန်တော်တို့ မောင်တောခရိုင်ငါးလုပ်ငန်း
ဦးစီးဌာနအနေနဲ့ ဆောင်ရွက်နေပါတယ်။ ကျေးရွာတိုင်းရဲ့
အနီးအနား ၀န်းကျင်တွေမှာ ရေချိုငါးမွေးမြူနိုင်ဖို့ကို အဓိကအားထားလုပ်ဆောင်မှုအနေနဲ့
ကျေးရွာတစ်ရွာချင်းစီမှာ မွေးမြူရေးကန် ငါးဧကစီတူးဖော်ပေးနိုင်ဖို့ လျာထားပါတယ်။ အဲဒီလို
တူးဖော် ပေးလိုက်ခြင်းအားဖြင့် ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိသလို ၀င်ငွေလည်း
အထိုက်အလျောက် ရရှိလာမှာဖြစ်တယ်။ ဒေသတွင်း ရေချို ငါးထုတ်လုပ်မှုလည်း ပိုမိုများလာမှာဖြစ်သလို
ငါးစားနှုန်းလည်း ယခုထက် ပိုမိုများပြားလာမှာဖြစ်ပါတယ်။
မေး- လက်ရှိ ရေငန်ပုစွန်မွေးမြူမှုက
ဒေသတွင်းမှာ ဘယ်လောက်ရှိပါသလဲ။ ရေငန်ပုစွန်မွေးမြူမှုအပေါ်မှာရော ထပ်မံတိုးမြင့်ဆောင်ရွက်ဖို့ ရှိပါသလား။
ဖြေ- ရေငန်ပုဇွန်မွေးမြူမှုက
ဒေသတွင်းမှာ လက်ရှိ ဧက ၁၅၀၀၀ လောက်ရှိပါတယ်။ ဒေသတွင်းဖွံ့ဖြိုးဖို့က ရေ ငန်ပုစွန် မွေးမြူရေးကဏ္ဍကို
ဦးစားပေးဆောင်ရွက်ရမှာပါ။ ရေငန်ပုစွန်ဖွံ့ဖြိုးဖို့က မွေးမြူတဲ့ကန်တွေကို စက် ယန္တရား
တွေနဲ့ ဆယ်ယူတာတွေ၊ ကန်ပေါင်မြှင့်တင်ပေးတာတွေ၊
ပုစွန်သားပေါက် ဖြန့်ဖြူး ပေးတာ တွေ လုပ် ဆောင်ရမှာ ဖြစ်တယ်။ အခုဆိုရင် အလယ်သံကျော်မှာပဲ
ရေငန်ပုစွန်သားဖောက်စခန်းရှိတာ။ မွေးမြူရေး
ကန်တွေ ထပ်ချဲ့မယ်၊ ထပ်တိုးမယ်ဆိုရင် ရေငန်းပုစွန်သားဖောက်စခန်းက မဖြစ်မနေ လိုအပ်လာဦးမှာပါ။ ဒါကြောင့် နောက်ထပ် ရေငန်းပုစွန်သားဖောက်စခန်း ငါးခုကို
ထပ်မံတိုးချဲ့ဖွင့်ပေးဖို့ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနအနေနဲ့ ၀န်ကြီးဌာနကိုတင်ပြ ထားပါတယ်။
မေး- မောင်တောမြို့အတွင်းမှာ
ရေငန်ပုစွန်နဲ့ငါး အများအပြားထွက်တယ်ဆိုတော့ တစ်နှစ်ထွက်ရှိ မှု ဘယ်လောက်ရှိပါသလဲ။ ပြည်ပတင်ပို့နိုင်မှုအခြေအနေလေးရောသိပါရစေ။
ဖြေ- မောင်တောမြို့နယ်အတွင်းမှာ ရေငန်ပုစွန်မွေးမြူတဲ့ လုပ်ငန်းရှင်က ၂၅၇၀ ကျော်ရှိပါတယ်။ ဧကကတော့ ၁၅၃၀၀ ကျော်ရှိပါတယ်။
ဘူးသီးတောင်မှာက ၃၀၀ လောက်ရှိတော့ ခရိုင်တစ်ခုလုံးဆိုရင်တော့ ၁၅၆၀၀ ကျော် လောက်ရှိပါတယ်။
ကန်အနေနဲ့ဆိုရင်တော့ တစ်သိန်းကျော်လောက်ရှိပါတယ်။ ငါးဆိုလည်း မြန်မာနိုင်ငံက ထွက်တဲ့
ငါးမြစ်ချင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အရှေ့အလယ်ပိုင်းက တစ်နှစ် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ဖိုးလောက် နှစ်စဉ်ဝယ်ယူနေပါတယ်။
အဲဒါကြောင့် ဧရာဝတီတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့ကနေ ဘင်္ဂလားဒေ့ရှ်ကို တင်ပိုရင်လမ်းခရီးကြန့်ကြာတဲ့အတွက်
အရေအသွေးကျ ဆင်းတယ်။ အဲဒီလိုအချိန် ကြာမြင့်ပြီး အရည်အသွေး ကျဆင်းတော့ တစ်ဖက်နိုင်ငံမှာ
ဈေးကောင်းမရဘူး။ ဒါကြောင့် ငါးမြစ်ချင်းလို ငါးမျိုးကို ဒီဒေသမှာမွေးမြူနိုင်အောင်
ငါးသားဖောက်စခန်းလေးတွေတည်နေပါတယ်။ ငါးသားဖောက်စခန်းက သားပေါက် တွေကို မွေးမြူနိုင်အောင်
ဖြန့်ဝေပေးမယ်။ ဒီက ဘင်္ဂလားဒေ့ရှ်နဲ့နီးတော့ အရည်အသွေးကောင်း ကောင်းနဲ့ ရောက်သွားတော့
ဈေးပိုရပါတယ်။ မောင်တောအနေနဲ့ ရေထွက်ပစ္စည်း ပြည်ပတင်ပို့နိုင်မှုက တစ်နှစ်ကို အမေရိကန်ဒေါ်လာ
၇ ဒသမ ၅ သန်းလျာထား ဆောင်ရွက်ခဲ့ပါတယ်။ အရင်နှစ်တွေကတော့ ၇ ဒသမ ၃ သန်း အထိ ရခဲ့ပါတယ်။
အခုနောက်ပိုင်းတော့ ၄ဒသမ ၃သန်းလောက်ပဲ ရတော့တယ်။ ဒါက ရေထွက်ပစ္စည်း အားလုံး အပါအ၀င်ပေါ့။
ရေငန်ပုစွန်တစ် မျိုးတည်းဆိုရင်တော့ အမေရိကန်ဒေါ်လာ ၂ သန်းကျော်လောက်ရ ပါတယ်။
မေး- မောင်တောခရိုင်အတွင်းမှာငါး၊
ပုစွန်စားနပ်ရိက္ခာ ဖူလုံရေးအတွက် အခုလို လုပ်ငန်းတွေတိုးချဲ့ဖို့ ပြင်ဆင်သလို အခြား
အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းတွေရှိရင်လည်း ပြောပြပေးပါဦး။
ဖြေ- မောင်တောခရိုင်အတွင်း
ရွာပေါင်း ၉၆ ရွာမှာ ငါးမွေးကန် ငါးဧက စီကို အ ကောင် အထည်ဖော်ပြီးရင် မွေးမြူနိုင်ဖို့အတွက်
ငွေအရင်းအနှီးတွေကိုလည်း အတိုးနှုန်းသက်သက်သာသာနဲ့ ဘဏ်တွေက ချေးပေးနိုင် အောင် ချိတ်ဆက်ထားပါတယ်။
ပြီးတော့ ငါး၊ ပုစွန် အခြောက်ခံတဲ့ လုပ်ငန်းတွေ၊ အရည်အသွေးထိန်းသိမ်း နိုင်အောင် ရေခဲစက်တွေ
တည်ထောင်ပေးနိုင်ဖို့၊ ငါးသားပေါက်၊ ပုစွန်သားပေါက် လုံလုံလောက်လောက် ကူညီထောက်ပံ့ပေးနိုင်ဖို့ကို ဌာနအနေနဲ့
ကူညီဆောင်ရွက်ပေးသွားမှာပါ။ ရေငန်ပုစွန်သားဖောက်စခန်း
သုံးခု၊ သရုပ်ပြမွေးကန် နှစ်ခု အဲဒါတွေကိုလည်း နောက် ထပ်ဖြည့်ဆည်းပေးဖို့ နိုင်ငံတော်ကို
တင်ပြထားပါတယ်။ တန်ဖိုးငွေအားဖြင့်တော့ ရင်းနှီးမြှုပ်နှံငွေ
ကျပ် သန်းပေါင်း ၁၂၀၀ ကျော်လောက် ကုန်ကျမှာပါ။ ငါးကန်ဆို လည်း ၉၆ ရွာကို တစ်ရွာ ငါးဧကစီဆိုရင် စုစုပေါင်း ဧက ၄၈၀
ရှိပါတယ်။ တစ်ဧက တူးဖော်မယ်ဆိုရင် ကုန်ကျစရိတ်က ငွေကျပ် ၇၅ သိန်းလောက်တော့ ကုန်ကျမှာဖြစ်တဲ့အတွက်
စုစုပေါင်းငွေကျပ် သန်းပေါင်း ၃၆၀၀ ကျော် ကုန်ကျမှာ ဖြစ်ပါတယ်။ ဒါတွေအားလုံး လုပ်ဆောင်ပေးဖို့
နိုင်ငံတော်ကို တင်ပြထားပြီဖြစ်ပါတယ်။ ခွင့်ပြုမိန့်ကျတာနဲ့ အမြန်ဆုံးအကောင်အထည်ဖော်
မှာပါ။
No comments:
Post a Comment