Tuesday, November 1, 2016

ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတာဝန် ပေးအပ်ခြင်း


ကျောက်ဖြူ နိုဝင်ဘာလ ၁
၂၀၁၆-၁၇ဘဏ္ဍာနှစ်၊ ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၃၁ရက်နေ့ နေ့လည်()နာရီအချိန်က ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၊ ရမ္မာဝတီခန်းမတွင် ကျင်းပခဲ့သည်။  


အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ရွှေမှ ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် သိန်းတစ်ထောင်ဖြင့် ရမ်းဗြဲမြို့နယ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပက်သက်၍ ရှင်းလင်း ဆွေးနွေးကာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးမှ ပြည်ထောင်စုရန်ပုံငွေ သိန်းတစ်ထောင်အား ယခင်နှစ်များကဲ့သို့ ရမ်းဗြဲမြို့နယ်အတွင်းမှ ကျေးရွာအုပ်စု တစ်စုလျှင် ကျပ်သိန်း (၂၀)စီ မခွဲပဲ အမှန်တကယ် ဒေသတွင် လိုအပ်နေသော နေရာများကိုသာ ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားပြီ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရန်အတွက် ရမ်းဗြဲမြို့နယ်အတွင်းမှ ကျေးရွာအုပ်စု (၂၅) အုပ်စုမှ လုပ်ငန်း တာဝန် (၂၆)ခုကို ကျေးရွာအုပ်ချုပ်ရေးမှူးများသို့ လွှတ်တော်ကိုယ်စားလှယ်များမှ လွှဲအပ်တာဝန်ပေးခဲ့သည်။
အခမ်းအနားကို ရမ်းဗြဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ရွှေ၊ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မို့မိ/မြို့ဖများ၊ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment