Sunday, November 20, 2016

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်နှင့် အဖွဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့မှ ပြန်လည် ရောက်ရှိ



ရန်ကုန် - နိုဝင်ဘာ ၂၀
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့် ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပသည့် ပြန်ကြားရေး၊ ဆက်သွယ်ရေးနှင့် သတင်း မီဒီယာ နယ်ပယ်၌ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု ဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား ပြန်ကြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာ နိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး H.E.Mr. Olivier  Richard တို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်နှင့်အတူ အမျိုးသား လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းဆွေ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင်၊ မြန်မာအသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ကျော်နှင့် ဦးအောင်ရှင် (မုံရွာအောင်ရှင်)တို့ ပြန်လည် လိုက်ပါလာကြသည်။
(သတင်းစဉ်)

No comments:

Post a Comment