Friday, November 4, 2016

ခွဲစိတ်​ခန်းနှင့်​ သားဖွားခန်းပါ အ​ဆောက်​အဦနှင့်​ ရင်​ခွဲရုံနှင့်​​ရေအိမ်​သာ ​အ​ဆောက်​အဦ​ အသစ်​များ အ​ရေး​ပေါ် ဆောက်​လုပ်


ရေဦး နိုဝင်ဘာ ၎
စစ်ကိုင်းတိုင်ဒေသကြီး ရေဦးမြို့ ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ ခွဲစိတ်ခန်း၊ သားဖွားခန်းနှင့်ဆေး ကုသဆောင်ပါ ယခင်က အဆောက်အဦဟောင်းမှာ ငလျှင်ဒဏ်​​ကြောင့် အက်ကွဲကာအန္တရာယ်ဖြစ်လာနိုင်သည့်အတွက်ဆောက်အဦသစ်များကို စက်တင်ဘာ၂၉ ရက်က စတင်​​ဆောက်လုပ်လျက်ရှိရာ ယခုအခါ ခွဲစိတ်​​ဆောင်နှင့် သားဖွားဆောင်သံကူကွန်ကရစ်အတွက်​​ အောက်​​ခြေပိုင်း တည်​​ဆောက်မှုများ ပြုလုပ်လျက်ရှိနေကြောင်း သိရသည်
၂၀၁၆- ၂၀၁၇ ဘဏ္ဏာနှစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စံကိုက်ခွဲစိတ်​​ဆောင်အတွက် ခွင့်ပြု​​ငွေ ခုနှစ်ရာလေးဆယ်ကိုးသိန်ခြောက်​​သောင်းကျပ်၊ စံကိုက်သားဖွားဆောင်အတွက် ခွင့်ပြုငွေလေးရာရှစ်သိန်းငါးသောင်းကျပ်ဆေးသိုလှောင်ခန်းအတွက် ခွင့်ပြုငွေ သုံးရာခြောက်ဆယ်ကိုးသိန်းနှစ်​​သောင်းကျပ် လူနာသုံးငါးခန်းတွဲအိမ်သာနှစ်လုံးဆောက်လုပ်ရန်ခွင့်ပြုငွေ တစ်ရာခြောက်သိန်း၊ ရင်ခွဲရုံအတွက်ခွင့်ပြုငွေ ရှစ်ဆယ်တစ်သိန်းတစ်​​သောင်းကျပ်နှင့် တမာကျေးရွာတိုက်နယ်​​ ဆေးရုံရင်ခွဲရုံအတွက် ခွင့်ပြုငွေ ရှစ်ဆယ်တစ်သိန်းတစ်​​သောင်းကျပ် ဖြင့်လည်ကောင်း DIAMOND CITY ကုမ္ပဏီလီမိတက်၊ ရဲတိုက်မြို့တော်ကုမ္ပဏီလီမီတက်၊ နှိုင်းယှဉ်​​မေတ္တာကုမ္ပဏီ လီမိတက်တို့မှ တင်ဒါအောင်မြင်ကာ တာဝန်ယူ ဆောက်လုပ်လျက်ရှိ​​သည်။        
အဆိုပါကျန်းမာရေး ဌာနအဆောက်အဦများ ဆောက်လုပ်​​ရာနေရာသို့ ပြည်သူ့လွှတ်​​တော်ကိုယ် စားလှယ်
ဒေါက်တာမင်သိန်း၊ မြို့နယ်​​ဆေးရုံအုပ်​​ ဒေါက်တာစန်ဌေးနှင့် ဒေသခံ အင်ဂျင်နီယာများက  စံချိန်စံညွှန်း ပြည့်မီစွာ လုပ်ကိုင်​​နေခြင်း ရှိ မရှိ ကွင်းဆင်း စစ်​​ဆေးခဲ့ကြသည်
အဆိုပါကျန်းမာရေးဌာနရှိဆောက်လုပ်​​နေသော အဆောက်အဦ အမျိုးအစားမှာ အာစီ တစ်ထပ်ဖြစ်ပြီး သတ်မှတ်ကာလ ငါးလကြာမြင့်မည်ဖြစ်​​ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment