Friday, November 4, 2016

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လူငယ်တွေ့ဆုံပွဲ ကျင်းပ



ပုသိမ် နိုဝင်ဘာ  ၄  
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့တွင် “ တက်ကြွပေါင်းစည်း ချိတ်ဆက်လို့ လူငယ်ပန်းတိုင် ချီတက်စို့ ”  ဆောင်ပုဒ်ဖြင့် ဧရာဝတီလူငယ်ကွန်ယက်မှ ကြီးမှူးကျင်းပသော ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လူငယ်တွေ့ဆုံပွဲကို နိုဝင်ဘာ ( ၄ ) ရက် နံနက်ပိုင်းက ကိုးသိန်း မိုးလုံလေလုံ အားကစားခန်းမ ( ၁ ) ၌ ကျင်းပသည်။

ရှေ့ဦးစွာ တိုင်းလူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးဌာနမှူး ဦးတင်ဇော်မိုး က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီးဦးစိုးထွန်းက အားပေးစကား ပြောကြားသည်။
ဆက်လက်ပြီး လူငယ်တွေ့ဆုံပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို မဇင်နွယ်ထက် က ပြောကြားပြီး အခမ်းအနား သို့ တက်ရောက်လာသော လူငယ်များ က အဖွဲ့လိုက်မိတ်ဆက်ပြီး  အုပ်စုအလိုက် ခွဲကြသည်။
ထို့နောက် ကိုဂျင်မီက တက်ကြွ လှုပ်ရှား နိုင်ငံသား အကြောင်း ဟောပြော ဆွေးနွေးပြီး မေးခွန်းများ မေးမြန်းခြင်း အုပ်စုလိုက်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ လူငယ်တွေ့ဆုံပွဲသို့  တိုင်းဒေသကြီးအတွင်းရှိ ( ၆ ) ခရိုင် မှ လူငယ်ကိုယ်စားလှယ်များ ၊ နိုင်ငံရေး ပါတီများမှ လူငယ်များ ၊ လူမှုရေးအသင်းအဖွဲ့များမှ လူငယ်များ ၊ တိုင်းအဆင့် ဌာနဆိုင်ရာများမှ လူငယ်များ တက်ရောက်ဆွေးနွေးကြမည်ဖြစ်ပြီး ဆွေးနွေးကြမည့် ခေါင်းစဉ်များမှာ လူငယ်နှင့် လူငယ်ရေးရာ မူဝါဒ ၊ လူငယ် နှင့် တက်ကြွလှုပ်ရှား နိုင်ငံသား ၊ လူငယ်နှင့် အလုပ်အကိုင် အခွင့်အလမ်း ၊ လူငယ်နှင့်သဘာဝ ပတ်ဝန်းကျင် ၊ လူငယ် နှင့် မူးယစ်ဆေးဝါး တို့ဖြစ်ပြီး နိုဝင်ဘာ ( ၄ ၊ ၅ ၊ ၆) ရက် ( ၃ ) ရက်ကြာ ဆွေးနွေးသွားမှာ ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)

No comments:

Post a Comment