Wednesday, November 2, 2016

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲ ကျင်းပ


ခင်ဦး နိုဝင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသက် မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲကို နိုဝင်ဘာလ ၁ ရက် နံနက် ၉ နာရီက မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်က သင်တန်း ကာလအတွင်း အသက် မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို တတ်မြောက်အောင်မြင်စွာ သင်ကြားပြီး တပိုင်တနိုင် လုပ်ကိုင်ပြီး ၀င်ငွေရရှိအောင် သင်ကြားကြရန် ပြောကြားသည်။
ယင်းနောက် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးမြင့်က ယခုသင်ကြားသော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းသည် ၀င်ငွေရရှိသကဲ့သို့ မိမိနေအိမ်၏ ထွက်ငွေကိုလည်း တားဆီးတာဖြစ်သဖြင့် အကျိုးရှိကြောင်း ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဒေါ်ချိုချိုနွယ်က သင်တန်းဖွင့်လှစ် ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထွန်း၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးမျိုးနိုင်နှင့် ဌာနဆိုင်ရာများ၊ ကျေးရွာများမှ သင်တန်းသူ (၂၀) ဦး တက်ရောက်ကြသည်။
အခြေခံစက်ချုပ်သင်တန်းကို ဆရာမ (၂) ဦးက သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂) လ ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment