Wednesday, November 2, 2016

ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရန် မြို့အ၀င်လမ်းအား စုပေါင်း ဂျင်းမြေခင်းခြင်းများ ဆောင်ရွက်


ကနီ   နိုဝင်ဘာ    ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့တွင် ကနီ-မင်းကင်းလမ်းမှ မြို့တွင်းသို့ ၀င်သောလမ်းမှာ ယခုလ အတွင်းမိုးများသောကြောင့် ရေအိုင်ဗွက်များဖြစ်ပြီး လမ်းများပျက်နေ၍ ခရီးသွား ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန်အတွက် နိုင်ဝင်ဘာ ၁ ရက်နေ့က စုပေါင်း၍ လမ်းမျက်နှာပြင်ညှိခြင်းနှင့် ဂျင်းမြေခင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကနီမြို့ အမှတ်(၃)ရပ်ကွက်မှ ကနီ-မင်းကင်းလမ်းသို့ ဆက်သွယ်ထားသော လမ်းအရှည် (၆၆၀)ပေခန့်ရှိသော မြို့အ၀င်လမ်းကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီ နာယက ဦးကျန်ထွန်း၊ ဦးရှိန်နှင့် ဦးသန်းလှိုင်တို့ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ပါတီ ဥက္ကဌ ဒေါ်ခင်ပြုံးမြင့်နှင့် ကော်မတီဝင်များ၊ ပါတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်း၍ စက်ယန္တရားများဖြင့်  လမ်းမျက်နှာပြင် ညှိခြင်းနှင့် ဂျင်းမြေခင်းခြင်းများကို နံနက်ပိုင်းမှ စတင်ပြုပြင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ မြို့နယ်သန့်ရှင်းသာယာရေးနှင့် မြို့အ၀င်လမ်း သွားလာမှုများ အဆင်ပြေစေရန် လမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ဗိုလ်ချုပ် ဥာဏ်ထွန်း (စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးငြိမ်း)မှ ငွေကျပ်သုံးသိန်း မတည်လှူဒါန်းမှုဖြင့် ပါတီနာယကများမှ ဦးဆောင်ကြီးကြပ်၍ ပြည်သူများ ပူးပေါင်းပြုပြင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment