Saturday, November 5, 2016

ရပ်ကွက်နေပြည်သူများ အိမ်သုံးကုန်နှင့် လူသုံးကုန် ပစ္စည်းများ ဈေးနှုန်း ချိုသာစွာ ဝယ်ယူရရှိစေရန် ရပ်ကွက် သမဝါယမဆိုင်များ ပြန်လည်ဖွင့်လှစ်ရောင်းချ


မိတ္ထီလာ နိုဝင်ဘာ ၅
မန္တလေးတိုင်းသေကြီး၊ မိတ္ထီလာမြို့နယ်တွင် ရပ်ကွက်နေပြည်သူများ အိမ်သုံးကုန်နှင့်လူသုံးကုန်းပစ္စည်းများ ဈေးနှုန်း ချိုသာစွာ ဝယ်ယူရရှိစေရန် ရည်ရွယ်၍ သမဝါယမဦးစီးဌာနမှ ကျီးတော်ရပ်ကွက်ကုန်ရောင်းဝယ်ရေး သမဝါယမ အသင်းလီမီတက်၏ ကုန်မျိုးစုံအရောင်းဆိုင်ကို နိုဝင်ဘာလ ၄ ရက်နေ့မှ စတင်၍ ဖွင့်လှစ်ရောင်းချ လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျီးတော်ရပ်ကွက် ကုန်ရောင်းဝယ်ရေး သမဝါယမအသင်းလီမီတက်၏ ကုန်မျိုးစုံ အရောင်းဆိုင် ဖွင့်ပွဲကို မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်မိုး နှင့် ကျီးတော်ကုန်း ရပ်ကွက် ကုန်ရောင်းဝယ်ရေး သမဝါယမအသင်းလီမီတက်၏ ဥက္ကဌ ဦးဝင်းမောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး ဆိုင်ခန်း အတွင်း ဖွင့်လှစ်ရောင်းချထားသည့် ကုန်ပစ္စည်းများကို ကြည့်ရှုခဲ့သည်။
ထို့နောက် သမဝါယမဦးစီးဌာနမှ ရပ်ကွက်နေပြည်သူများ အိမ်သုံးကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဈေးနှုန်း ချိုသာစွာ ဝယ်ယူရရှိစေရန် ရည်ရွယ်၍ ကျီးတော်ရပ်ကွက် ကုန်ရောင်းဝယ်ရေး သမဝါယမအသင်းလီမီတက်၏ ကုန်းမျိုးစုံ အရောင်းဆိုင်ကို ဖွင့်လှစ်ရောင်းချ ခြင်းဖြစ်သည့်အတွက် ရပ်ကွက်နေပြည်သူများအား ကုန်ပစ္စည်းများကို ဈေးနှုန်း ချိုသာဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း ၎င်းအခမ်းအနားသို့ တက်ရောက်လာကြသော ရပ်ကွက်နေ ပြည်သူများအား သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။

မိတ္ထီလာ (ပြန်/ဆက်)

No comments:

Post a Comment