Saturday, November 5, 2016

တောင်သူလယ်သမားများ ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှုများနှင့် လယ်ယာလုပ်သားရှားပါးမှုများစသည့် စိန်ခေါ်မှုနှစ်ရပ်ကို ကျော်လွှားနိုင်ရန် ပညာပေးလုပ်ငန်းမျာဆောင်ရွက်

မိတ္ထီလာ နိုဝင်ဘာ ၅
မြန်မာနိုင်ငံ၏ ကျေးလက်နေ တောင်သူလယ်သမားများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် တောင်သူ လယ်သမားများ စိုက်ပျိုးထုတ်လုပ်သော သီးနှံများ တစ်ဧကအထွက်နှုန်းတိုးပြီး ဝင်ငွေတိုးတက်စေရန် စိုက်ပျိုးရေးဦးစီးဌာနမှ နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၉နာရီက ရေဝေကျေးရွာ စိုက်ပျိုးရေးပညာပေးစခန်းတွင် တောင်သူပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းက ပြောကြားခဲ့သည်။

အဆိုပါ တောင်သူ ပညာပေးဆွေးနွေးပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းထိန်းမှ တိုးတက်လာသော ခေတ်စနစ်နှင့်အညီ စိုက်ပျိုးထုတ်လုပ်မှုနည်းပညာများ ပြောင်းလဲရန်လိုအပ်ကြောင်း ရှင်းလင်း ဆွေးနွေးပြီး သီးနှံများတွင် ကျရောက်တက်သော ပိုးမွှားရောဂါများနှင့် ကာကွယ်နှိမ်နှင်းနည်းများကို  ခရိုင်သီးနှံ ကာကွယ်ရေးတာဝန်ခံ ဒေါ်အေးအေးမြင့်က ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းက တောင်သူများတွင် ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှုများနှင့် လယ်ယာလုပ်သား ရှားပါးမှုများစသည့် စိန်ခေါ်မှုနှစ်ရပ်ကို ကျော်လွှားနိုင်ရန် ဒေသ၊ ရေ ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီ သည့် သက်တမ်းတိုးမျိုးများကို ပြောင်းလဲစိုက်ပျိုးရန်နှင့် မျိုးစေ့၏ အရေးပါပုံ (One Seed Can Change the World) များ ၊ တောင်သူများ မြေပြုပြင်ချိန်မှသည် ရိတ်သိမ်းချိန်အထိ စက်စွမ်းအားဖြင့် ပြောင်းလဲစိုက်ပျိုး ထုတ်လုပ် ရန်ပြောကြားခဲ့ရာ ၎င်းဆွေးနွေးပွဲသို့တက်ရောက်လာသည့် ရေဝေ၊ ရှမ္မငယ်၊ ဇရပ်ကုန်း၊ တပျော်၊ သံဘို၊ အုံတုံ၊ မယ်ဇလီကုန်းစသည့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ တောင်သူများ တက်ရောက်ကြပြီး သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

မိတ္ထီလာ (ပြန်/ဆက်)

No comments:

Post a Comment