Tuesday, November 22, 2016

သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက်တွင်းနက်တူးဖော်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုအားကွင်းဆင်းစစ်ဆေး

အင်္ဂပူ     နိုဝင်ဘာ-၂၂
အင်္ဂပူမြို့နယ်၊ ကရင်ကူးကျေးရွာအုပ်စု၊ ကရင်ကူးကြီးကျေးရွာနှင့် ကရင်ကူးလေးကျေးရွာတို့တွင် နိုဝင်ဘာ၂၂ရက်နေ့ နံနက် ၉ နာရီ အချိန်က သန့်ရှင်းသော သောက်သုံးရေရရှိစေရေးအတွက် တွင်းနက် တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအား ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်၊ မြို့နယ်ခေတ္တဦးစီးမှူး ဦးမျိုးမင်းသူနှင့်အဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ပြီး ခရိုင်ဦးစီးမှူးက သန့်ရှင်းသော သောက်သုံးရေ ရရှိစေရေး၊ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေး အတွက် အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့သည်။

အဆိုပါတွင်းနက်တူးဖော်ခြင်း လုပ်ငန်းများကို သောက်သုံးရေး အခက်အခဲရှိသော ကျေးလက်ဒေသများတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မူလခွင့်ပြုရန်ပုံငွေ တစ်ရွာလျှင် သန်း(၂၀)ဖြင့် အေးလပြည့်ဝန်း ကုမ္ပဏီက တင်ဒါ အောင်မြင်ဆောင်ရွက်ခဲ့သည်။
ယင်းတွင်းနက်တူးဖော်ခြင်း လုပ်ငန်းများတွင် GI-(၄) လက်မပိုက်များဖြင့် အသုံးပြုဆောင်ရွက်မည်ဖြစ်ပြီး အမြင့်ရေစင်၊ ရေကန်များ တည်ဆောက်ပြီး ကျေးရွာအတွင်း ရေပေးဝေမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)                                              

No comments:

Post a Comment