Friday, November 25, 2016

(၉၆)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲဆုပေးပွဲအခမ်းအနားကျင်းပ

တောင်ငူ၊ နိုဝင်ဘာ ၂၄
၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ကျရောက်သော (၉၆) နှစ်ပြည့် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို တောင်ငူ ပညာရေးကောလိပ်၊ လေ့ကျင့်ရေး အလယ်တန်းကျောင်းခန်းမဆောင်တွင် ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပ ပြုလုပ်သည်။


အခမ်းအနားအား ကျောင်းသား၊ ကျောင်းသူလေးများက "ပြည်မြန်မာ" သီချင်းဖြင့် ဖွင့်လှစ် သီဆိုခဲ့ကြပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့သော (၉၆) နှစ်မြောက် အမျိုးသားနေ့ သဝဏ်လွှာအား လေ့ကျင့်ရေး အလယ်တန်းကျောင်းအုပ် ဆရာမကြီးဒေါ်ခင်နှင်းရီက ဖတ်ကြားသည်။
ထို့နောက် အမျိုးသားနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသောအလယ်တန်းအထက်ဆင့်နှင့် အောက်ဆင့်၊ မူလတန်းအထက်ဆင့်နှင့် အောက်အဆင့် ကျောင်းသားကျောင်းသူ (၁၂) ဦးတို့အား တာဝန်ရှိသူများက ဆုများ ပေးအပ် ချီးမြှင့် ခဲ့သည်။ အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်ရုံးမှ အမျိုးသားနေ့ အထိမ်းအမှတ် နံရံကပ်စာစောင် ပြသပြီးလက်ကမ်းစာစောင်များလည်း ပေးဝေခဲ့ကြောင်း သိရှိရသည်။

တောင်ငူခရိုင် (ပြန်/ဆက်)

No comments:

Post a Comment