Saturday, November 5, 2016

(၁၂)ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်း ဘုံကထိန် ကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ပြုလုပ်

မအီ နိုဝင်ဘာ ၅
ဗုဒ္ဓသာသနာရောင်ဝါထွန်းကားပြန့်ပွားတည်တံ့စေရေးအတွက် ရည်မျှော်၍ ပြုလုပ်သည့် (၁၂) ကြိမ် မြောက်ဌာနဆိုင်ရာ စုပေါင်း မဟာဘုံကထိန် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာလ(၅) ရက်နေ့ နေ့လည် (၁) နာရီအချိန်တွင် မအီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးကို မြို့နယ်ဌာနဆိုင်ရာ (၁၆) ဌာနမှ အကြီးအကဲများ ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ငွေမိုး မှ ကထိန်ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းရာ ဌာနဆိုင်ရာ ငွေပဒေသာပင်များအတွက် (၃၀၀၀၀ိ/-) နှင့် (၅၀၀၀၀ိ/-) ထက်မနည်းသော ငွေပဒေသာပင်များကိုပြုလုပ်နိုင်ရေး ဌာနဆိုင်ရာအကြီးအကဲများနှင့် ညှိနှိုင်းသတ်မှတ်ပေးခဲ့ပြီး ကထိန် ဆက်ကပ်လှူဒါန်းရန်အတွက် ယခုနှစ် ကထိန်သင်္ကန်း မရရှိသေးသော ရပ်ကွက်/ ကျေးရွာအုပ်စု (၁၁)စု တို့ကို မဲစနစ်ဖြင့် မဲနှိုက် ရွေးချယ်ခဲ့ရာ (၁၂)ကြိမ်မြောက်ဌာန ဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို မအီမြို့ ၊ အမှတ် (၄) ရပ်ကွက်ရှိ “ သုခကာရီ ” ကျောင်း တိုက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည့်ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment