Thursday, November 17, 2016

သဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် အိမ်ထောင်စုများအား ထောက်ပံ့ ပစ္စည်းများ ပေးအပ်


ဝါးခယ်မ၊ နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် စပါးရိုကျေးရွာအုပ်စု မြေနု ကျေးရွာ တွင်ရွှေလောင်းမြစ်ရေတိုက်စားမှုကြောင့်မြစ်ကမ်းပါးပြိုကျကာနေအိမ်ပျက်စီးသွားသည့်  အိမ်ထောင်စု
များအား ထောက်ပံ့ပစ္စည်းပေးအပ်မှုကို နိုဝင်ဘာ ၁၆ ရက် နေ့လည်ကပြုလုပ်ကြောင်း သိရသည်။

ယင်းသို့ မြေနုကျေးရွာ ရွှေလောင်းမြစ်ကမ်းပါးအနီး နေထိုင်သော သွပ်မိုး၊ ဓနိကာ၊ ပျဉ်ခင်း နေအိမ် သုံးလုံး၊ ဓနိမိုး၊ ဓနိကာ၊ ဝါးအိမ် တစ်လုံးတို့မှာ နိုဝင်ဘာ ၁၀ ရက်က ရွှေလောင်း မြစ်ရေ တိုက်စားမှုကြောင့် နေအိမ် တစ်ခြမ်းစီ ပျက်စီးဆုံးရှုံးခဲ့ရပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်သေဆုံးခြင်း မရှိကြောင်းသိရသည်။
အဆိုပါ အိမ်ထောင်စုများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လှူဒါန်းသည့် ပစ္စည်းများကို မြို့နယ်ကြက်ခြေနီအသင်း ကော်မတီဝင် ဂုဏ်ထူးဆောင် ဒုတပ်ရင်းမှူး ဦးစိုးတင့်နှင့် တပ်ဖွဲ့ဝင်များက မီးဖိုချောင်သုံး ပစ္စည်း တစ်ပုံး၊ စောင် နှစ်ထည်၊ တာပေါ်လင် နှစ်ချပ်၊ လက်သမားသုံးပစ္စည်းစုံတစ်အိပ် နှုန်းဖြင့်လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အလားတူပင် အလမန်းကျောင်းစုကျေးရွာအုပ်စု အလမန်းချောင်းတွင်း ကျေးရွာတွင် နိုဝင်ဘာ ၁ ရက် နေ့ ညနေက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများတိုက်ခတ်မှုကြောင့် သွပ်မိုး၊ ဓနိကာ၊ ဝါးအိမ် နှစ်လုံး၊ သွပ်မိုး၊ ပျဉ်ထောင်၊ သစ်သားအိမ် တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ရသည့် အိမ်ထောင်စုများ အား ထောက်ပံ့ပစ္စည်းများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment