Tuesday, November 8, 2016

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ဒုတိယရစ် ပေးအပ်

ဒီးမော့ဆို            နိုဝင်ဘာ ၈
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ဒုတိယရစ် ပေးအပ်ပွဲကို နိုဝင်ဘာ ၈ ရက် မွန်းလွှဲ ၁ နာရီအချိန်က လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းခ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့ဥက္ကဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘော်ရယ်စိုးဝေက လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပေါလ်ဆိုင်းက ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ဒုတိယရစ်ကို ရပ်ကွက်/ကျေးရွာအုပ်စု လုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ သိန်းတစ်ထောင်ဖြင့် ဒီးမော့ဆိုမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စု ၂၇ အုပ်စု ရှိသည့်အနက် ရပ်ကွက်/ကျေးရွာအုပ်စု ၂၃ အုပ်စုမှ လုပ်ငန်းပေါင်း ၂၄ ခု အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်

No comments:

Post a Comment