Tuesday, November 1, 2016

ကျောက်ဆည်ကန်တွင် ရေလှိုင်းရိုက်ခတ်မှုကြောင့် ပျက်စီးနေသည့်ကန်ဘောင်အား ပြန်လည် ပြုပြင် မြေဖို့ခြင်း ပြုလုပ်


ပျော်ဘွယ် အောက်တိုဘာ ၃၁
ပျော်ဘွယ်မြို့နယ်အတွင်း မိုးများရွာသွန်းမှုကောင်းခြင်း၊ ရေစီးဝင်မှုကောင်းခြင်းတို့ကြောင့် ကျောက်ဆည်ကျေးရွာအုပ်စုနှင့် ရွှေညောင်ဖူးကျေးရွာအုပ်စုအနီးရှိ ကျောက်ဆည်ကန်သည် ကန်ရေဝင်ရောက်မှု မြင့်တက်ခဲ့သည်။ ရေလှိုင်း ရိုက်ပုတ်မှု ဒဏ်ကြောင့် ကန်ဘောင်အလျားပေ (၂၀၀) ခန့်သည် ကျိုးပေါက်ခြင်း မရှိ သော်လည်း ကျိုးပေါက်နိုင်သည့်အခြေအနေသို့ ရောက်ရှိခဲ့သဖြင့် လူအင်အားသုံး၍  အောက်တိုဘာလ (၃၁)ရက်၊ နံနက်ပိုင်းက အတားအဆီးများ၊ သဲအိတ်များဖြင့် ကာရံခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။



ကျောက်ဆည်ကန်သည် ရေလှိုင်းရိုက်ပုတ်မှုကြောင့် ပျက်စီးသွားသည့် ကန်ဘောင်အလျားပေ (၂၀၀) ခန့်အား ကျောက်ဆည်ကျေးရွာ၊ ပုတီးကုန်းကျေးရွာ၊ ရွှေညောင်ဖူးကျေးရွာ၊ ကျောက်ချပ်ကျေးရွာတို့မှ ပြည်သူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့မှ သန္ဓေနှင့် အရန်တပ်ဖွဲ့ဝင်များ၊ ဆည်မြောင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များသည် ကုန်းသာကျေးရွာအုပ်စု၊ သဲပုတ်ကျေးရွာအနီးမှ သဲများသယ်ယူ၍ သဲအိတ်များဖြင့် မြေဖို့ ကာရံခြင်း၊ သစ်၊ ဝါး၊ မျောတိုင်များဖြင့် တားဆီးကာရံခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ကျောက်ဆည်ကန်အား ၂၀၀၈-၂၀၀၉ ခုနှစ်တွင် အကြီးစားပြင်ဆင်ခြင်း၊ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ကျောက်စီမြေထိန်းနံရံ ပြုလုပ်ခြင်း၊ ကန်ဘောင်အလျားမှာ (၁၄၅၀၀) ပေရှိပြီး၊ လယ်မြေဧက (၆၅၀၀) ခန့်ကို စိုက်ပျိုး ရေပေးနေသည့် ရေကန်ကြီး ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment