Tuesday, November 1, 2016

ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး

မြင်းခြံ ၊ အောက်တိုဘာ - ၃၁
မန္တလေးတိုင်းဒေသကြီး ၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးခန်းမတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်း နှင့်ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား လုပ်ဆောင်မည့်အချက်အလက်များဆွေးနွေးခြင်းကို အောက်တိုဘာ (၃၁) ရက်၊ နံနက် (၉) နာရီအချိန်ကကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါထပ်ဆင့်ရှင်းလင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဒေါ်နှင်းရည်မှ သတင်းများအား အချိန်နှင့်တပြေးညီပေးပို့ရေး၊ စာကြည့်တိုက်များအား ပြည်သူများ အားကိုး အားထားပြုနိုင်ရေးနှင့် ကလေးစာဖတ်ခန်းများထားရှိ၍ ပျော်ရွှင်လွတ်လပ်စွာဖြင့်စာဖတ်ခြင်း၊ ပုံဆွဲခြင်း၊ သီချင်း ဆိုခြင်း၊ ပုံပြောခြင်းများ ပြုလုပ်နိုင်အောင်ဆောင်ရွက်ထားရှိရေး စသည့်အချက်အလက်များကိုရှင်းလင်းပြော ကြားခဲ့ပြီး၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် ကြိုတင်လုပ်ဆောင်ရမည့်အချက်များအားဆွေးနွေး ပြောကြားရာ တက်ရောက်လာသည့် မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်မြို့နယ်များမှ မြို့နယ်ဦးစီးမှူးများ၊ ဓာတ်ပုံဝန်ထမ်းများ၊ စာကြည့်တိုက်မှူးများမှ မိမိတို့သက်ဆိုင်သောကဏ္ဍအလိုက်ပြန်လည်ဆွေးနွေး ခဲ့ကြသည်။

ထို့နောက် ခရိုင်ဦးစီးအရာရှိမှ လုပ်ငန်းများအောင်မြင်စွာလုပ်ဆောင်နိုင်ရေးအတွက် ဝန်ထမ်းအား လုံး စည်းစည်းလုံးလုံး ၊ ညီညီညွတ်ညွတ် လုပ်ဆောင်သွားရန်လိုကြောင်းနှင့် ရုံးစည်းမျဉ်းစည်းကမ်းများကို လေး စားလိုက်နာကြရန် ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။


ဦးဇော်မင်းနိုင် (မြင်းခြံ-ပြန်/ဆက်)

No comments:

Post a Comment