Monday, November 28, 2016

မန္တလေးမြို့၌ဓါတ်ပုံပညာသင်တန်းဖွင့်ပွဲကျင်းပ

မန္တလေး၊ နိုဝင်ဘာ ၂၈
ပန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှကြီးမှူးကျင်းပသော ဓါတ်ပုံပညာ သင်တန်း (၃/၂၀၁၆) ဖွင့်ပွဲကို မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံး သင်ခန်းခန်းမ၌ နိုဝင်ဘာ ၂၈ ရက် နံနက် ၉ နာရီ ကကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ၀န်ကြီး ဒေါက်တာစိုးသန်း က အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေေ၀ဖြိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် အထက်မြန်မာပြည် ဓါတ်ပုံအသင်းဥက္ကဌ ဦးကိုကိုဦးက သင်တန်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားသည်။ ၄င်းနောက် သင်တန်းနည်းပြ ဦးမောင်မောင်ဦး မှ သင်ကြားမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အထက်မြန်မာပြည်ဓါတ်ပုံအသင်းနှင့် မန္တလေးဓါတ်ပုံအသင်း တို့မှ သင်တန်း နည်းပြများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရှမ်း၊ ကချင်၊ ကယား၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး အစရှိသော အထက်မြန်မာပြည် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ သင်တန်းသား (၂၅) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှ နိုဝင်ဘာ ၂၈ ရက် မှ ဒီဇင်ဘာ ၂ ရက် ထိ စာတွေ့လက်တွေ့ (၅) ရက်ကြာ ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)

No comments:

Post a Comment