Saturday, November 5, 2016

နတ်မောက်မြို့၌ ဆုတောင်းပြည့်ဘုရားကြီး တောင်ဘက်မုခ်ဦးရှေ့တွင် သန့်ရှင့်ရေး ဆောင်ရွက်


နတ်မောက်   နိုဝင်ဘာ   ၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ဆုတောင်ပြည့်ဘုရားကြီး တောင်ဘက်မုခ်ဦးရှေ့တွင် နိုင်ဝင်ဘာ ၅ ရက် နံနက်၈နာရီက မြတ်စေတနာ သန့်ရှင်းရေး ပရဟိတအဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သန့်ရှင်းရေးများ ပြုလုပ်ခဲ့သည်။

အဆိုပါ သန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြရာ မြတ်စေတနာသန့်ရှင်းရေးပရဟိတအဖွဲ့ဝင် ၃၀ဦးနှင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင် ၁၀ ဦး တို့က ဆုတောင်းပြည့်ဘုရားကြီးတောင်ဘက်မုခ်ဦးရှေ့နှင့် အုတ်တံတိုင်းများပေါ်တွင် ပေါက်ရောက်နေသည့် ခြုံနွယ်များ၊ ဆူးပင်များနှင့် နွယ်ပင်များကိုလည်း ခုတ်ထွင် ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

နတ်မောက် (ပြန်/ဆက်)

No comments:

Post a Comment