ဝက်လက်
နိုဝင်ဘာ ၅
တောင်သူများအား
စိုက်ပျိုးရေးပညာပေးခြင်းနှင့် လက်တွေ့ကွင်းသရုပ်ပြခြင်းများကို စစ်ကိုင်းတိုင်းဒေသကြီး၊
ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ကျီးကန်ကျေးရွာအုပ်စုတွင် စိုက်ပျိုးထားသည့် မိုးစပါး
ရွှေဘိုပေါ်ဆန်း မျိုးသန့် မျိုးစေ့ထုတ် စံပြကွက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ
ကွင်းဆင်းသရုပ်ပြပွဲတွင် ရွှေဘိုခရိုင် သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ရီရီသိန်းက ကပ်ပါးနဂျီများ
လွှတ်၍ ဆစ်ပိုးကာကွယ်နှိမ်နင်းခြင်းl သဘာဝပိုးသတ်ဆေး ဖျော်ရည် ပြုလုပ်သုံးစွဲနည်း၊ ကင်းထောက်မှတ်တမ်း
ကောက်ယူခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ရေး၊ ဆေးဖျန်းသင့်သည့်အချိန်အား ဆုံးဖြတ်ဆေးဖြန်းနိုင်ရေး
ရှင်းလင်းပြီး လက်တွေ့ကွင်းဆင်း ပြသခဲ့သည်။
ဆက်လက်၍
ခရိုင်မြေအသုံးချရေး တာဝန်ခံ ဒေါ်သီတာလွင်က စပါးအပင်များ ကျန်းမာသန်စွမ်းပြီး စပါးအထွက်တိုးရေးအတွက်
ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာကို အချိုးညီ အချိန်ကိုက် သုံးစွဲရေး ဆွေးနွေးခဲ့ပြီး
ဆစ်ပိုးအား ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းရန်အတွက် ဥကပ်ပါးနဂျီကတ်များကို တောင်သူ ဦးဝင်းနိုင်၏
မိုးစပါး(၁၀) ဧကတွင် တတိယအကြိမ် လွှတ်ပေးခဲ့ကြောင်း သိရသည်။
လက်တွေ့ကွင်းဆင်းပြသခြင်းကို
မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးနှင့် ဝန်ထမ်းများအားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြကာ
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ဝန်ထမ်းနှင့် တောင်သူပေါင်း(၇၀)ဦး တက်ရောက်ခဲ့ကြကြောင်း
သတင်းရရှိသည်။
ဝက်လက်
(ပြန်/ဆက်)
No comments:
Post a Comment