Sunday, November 27, 2016

ဝန်ထမ်းမိသားစုများအတွက် ထောက်ပံ့ပေးအပ်ခြင်း




မူဆယ် နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ရိုင်၊ မူဆယ်ဒေသအတွင်း ဖြစ်ပွားခဲ့သော ပစ်ခတ်တိုက်ခိုက်မှုများကြောင့် မုံးကိုးမြို့နယ်နှင့် ပန်ဆိုင်း(ကြူကုတ်)မြို့များရှိ ၀န်ထမ်းများနှင့် ပြည်သူများသည် စစ်ဘေးတိမ်းရှောင်ရန်အတွက် တစ်ဖက်နိုင်ငံမှ တစ်ဆင့် မူဆယ်မြို့အတွင်းသို့ ခိုလှုံ့ရောက်ရှိခဲ့သည်။ အဆိုပါ စစ်ဘေးတိမ်းရှောင် ပြည်သူများအနက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများနှင့် မိသားစုဝင်များအား ထောက်ပံ့ခြင်းကို ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ကျင်းပ သည်။

အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက ၀န်ထမ်းမိသားစု တစ်စုလျှင် ငွေကျပ် ၁ သိန်းဖြင့် မိသားစု ၅ ဦးအတွက် ငွေကျပ် ၅ သိန်း၊ ဆန်၊ ဆီ၊ ခေါက်ဆွဲ၊ စောင်နှင့် အသုံးအဆောင်ပစ္စည်းများ တန်ဖိုးငွေကျပ် ၇၅၇၀၀၀ တို့ကို ၀န်ထမ်းတစ်ဦးချင်းစီနှင့် မိသားစုများအားလည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းကလည်း ၀န်ထမ်းတစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ၀န်ထမ်း ၁၂ ဦး အတွက် ငွေကျပ် ၂၄၀၀၀၀၊ မိသားစုဝင်များအား တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ စီဖြင့် မိသားစု ၁၀ ဦးအတွက် ငွေကျပ် ၁၀၀၀၀၀ ဖြင့် စုစုပေါင်း တန်ဖိုး ငွေကျပ် ၁၅၉၇၀၀၀ ကို ၀န်ထမ်းနှင့် မိသားစုဝင်များအား တစ်ဦးချင်းစီ ထောက်ပံ့ပေးအပ်ခဲ့ပြီး အဆိုပါ စစ်ဘေးတိမ်းရှောင်ဝန်ထမ်းနှင့် မိသားစုဝင်များအား နေ့လယ်စာ စီစဉ်ပေးသော မြို့နယ်ထွေအုပ် စားရိပ်သာတွင် ရင်းနှီးနွေးထွေးစွာဖြင့် အားပေးစကားများ ပြောကြား သည်။

ဆက်လက်ပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထားထားဝင်းကလည်း မိသားစုဝင်များနှင့် ကလေးများကို တစ်ဦးလျှင် ငွေကျပ် တစ်သောင်းစီဖြင့် ငွေကျပ် ၂ သိန်းအား တစ်ဦးချင်းစီ ထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးနှစ် သိမ့်စကား ပြောကြားခဲ့ ကြောင်း သိရှိရသည်။ ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment