Sunday, November 27, 2016

၅၂ ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်ဥက္ကဌများနှင့် ၃၆ ကြိမ်မြောက် အရှေ့တောင် အာရှဗဟိုဘဏ်ဥက္ကဋ္ဌများ၏ ဘုတ်အဖွဲ့ အစည်းအဝေးများ ဒုတိယနေ့ဆက်လက်ကျင်းပ




နေပြည်တော်- နိုဝင်ဘာ ၂၇
မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် (၅၂) ကြိမ်မြောက် အရှေ့တောင် အာရှဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် အဆင့်မြင့်အရာရှိများအစည်းအဝေးနှင့် (၃၆) ကြိမ်မြောက် အရှေ့တောင် အာရှဗဟိုဘဏ်ဥက္ကဌများ၏ ဘုတ်အဖွဲ့အစည်းအဝေးများ (52nd SEACEN Governors’ Conference / High- Level Seminar and 36th Meeting of the SEACEN Board of Governors) ကို ဒုတိယနေ့အဖြစ် ယနြေ့ နံနက် (၉ျ) နာရီတွင် နေပြည်တော်၊ The Lake Garden Hotel ၌ ဆက်လက်ကျင်းပသည်။

အဆိုပါအစည်းအဝေးသို့ အရှေ့တောင်အာရှဗဟိုဘဏ်ဥက္ကဌများ၊ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဌ ဦးကျော်ကျော်မောင်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ SEACEN နှင့်ပတ်သက်သည့်လုပ်ငန်းဆောင်ရွက်ချက်ရလဒ် များ၊ ၂၀၁၆ ခုနှစ်ဘဏ္ဍာ ရေးနှစ်အတွင်း Budget အကောင်အထည်ဖော်ဆောင်ရွက်သည့် ကိစ္စရပ်များနှင့် ၂၀၁၇ ခုနှစ်အတွက် ရှေ့လုပ်ငန်း စဉ်များနှင့် ဘတ်ဂျက်လျာထားချက်ကို SEACEN အမှုဆောင်ဒါရိုက်တာ Dr. Hans Genberg က တင်ပြခဲ့ပြီး ဗဟိုဘဏ်ဥက္ကဋ္ဌများမှ သုံးသပ်ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။ ဆက်လက်၍ အရှေ့တောင် အာရှ ဗဟိုဘဏ်ဥက္ကဋ္ဌများသည် ပူးတွဲသတင်းထုတ်ပြန်ချက်တစ်ရပ်ကို အတည်ပြုထုတ်ပြန်ခဲ့သည်။
SEACEN အစည်းအဝေးမကျင်းပမီနှင့် ကျင်းပစဉ်ကာလအတွင်း အရှေ့တောင်အာရှဗဟိုဘဏ်များ အဖွဲ့ အစည်းအဝေးနှင့် တစ်ဆက်တစ်စပ်တည်း Bilateral Meeting များကို ကျင်းပခဲ့ရာ နိုဝင်ဘာ ၂၅ ရက် နံနက်(၁၀) နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် လာအိုနိုင်ငံဗဟိုဘဏ်တို့အကြား အစည်းအဝေး (Bilateral Meeting) ကို ပြုလုပ်သည်။ အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် လာအိုနိုင်ငံဗဟိုဘဏ်တို့အကြား ငွေကြေးမူဝါဒဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် နိုင်ငံခြား ငွေလဲလှယ်နှုန်းတည်ငြိမ်ရေး၊ ဘဏ်လုပ်ငန်းများကြပ်မတ် ကွပ်ကဲခြင်း၊ ကြီးကြပ်စစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။
ဆက်လက်၍ ယင်နေ့ မွန်းလွဲ(၂)နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ထိုင်းဗဟိုဘဏ်တို့အကြား အစည်းအဝေး (Bilateral Meeting) ကို ပြုလုပ်ခဲ့ကြရာ ငွေရေးကြေးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုများ၊ နိုင်ငံသုံးငွေကြေးများဖြင့် ထိုင်းနှင့် မြန်မာနိုင်ငံတို့၏ ကုန်သွယ်မှုတွင် အသုံးပြုရေးအတွက် မြန်မာကျပ်နှင့် ထိုင်းဘတ် နှစ်နိုင်ငံငွေကြေးဖလှယ်မှုအစီအစဉ်များ၊ အာဆီယံဘဏ်လုပ်ငန်းများပူးပေါင်း ဆောင်ရွက်ခြင်း အစီအစဉ်အောက်တွင် နှစ်နိုင်ငံဘဏ်လုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုများနှင့် ငွေလွှဲပြောင်းမှုများအပေါ် ပူးပေါင်းဆောင်ရွက် မှုလုပ်ငန်းများနှင့် ကျွမ်းကျင်မှုအကူအညီပေးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment