Wednesday, November 2, 2016

အောင်သစ္စာ ကုသိုလ်ဖြစ် တိုင်းရင်းဆေးကုခန်းသို့ ရပ်ဝေးရပ်နီးမှ လာရောက်ကုသ


မန္တလေး စက်တင်ဘာ ၁
မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ် ကံသာယာ ရပ်ကွက် (ဗ/၄)တွင် ၂၀၁၅ စက်တင်ဘာ ၈ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည့် ကုသိုလ်ဖြစ် အောင်သစ္စာ တိုင်းရင်းဆေး ပရဟိတ ဆေးခန်းကို အပတ်စဉ် အင်္ဂါနေ့တိုင်း ဖွင့်လှစ်ပေးလျက်ရှိရာ တစ်ရက်လျင် လူနာ၇၀နှင့် ၈၀ကြားထိ လာရောက်ပြသလျက်ရှိကြောင်း အဆိုပါကုသိုလ်ဖြစ် ဆေးခန်းမှ ဥက္ကဋ္ဌ ဦးသိန်းဌေးက ပြောပြသည်။
အဆိုပါ ကုသိုလ်ဖြစ်ဆေးခန်းတွင် အထွေထွေ ကျန်းမာရေးများကို စစ်ဆေးကုသပေးနေပြီး သောက်ဆေး လိမ်းဆေးပေးခြင်းများ ကိုပါ ကုသိုလ်ဖြစ် ဆောင်ရွက်လျက်ရှိသည်။


ကျွန်တော်က ဆားလင်းကြီးကပါ ဆိုင်ကယ်အက်စီးဒင့်ဖြစ်ပြီး ဆေးရုံက ဆင်းပြီးတဲ့နောက် ဒီကိုရောက်လာတာ။ အမျိုးအိမ်မှာ နေပြီး ဆေးကုတာပါ။ ရောက်ခါစကတော့ ဆိုက်ကားပေါ်က ပွေ့ပြီးချရတာ ။ အခုတော့ လမ်းကို ကိုယ်တိုင်လျှောက်လို့ရနေပြီ။ ဆေးဖိုးလဲ ပေးဖို့မလိုဘူး။ ဆရာတွေနဲ့ ဆေးခန်းက သက်ဆိုင်သူတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း ဒီပရဟိတဆေးခန်းရဲ့ လိုအပ်တဲ့ လုပ်အား ဒါန ကုသိုလ်ကို ကူလုပ်ပေးဖို့အတွက် ဆုံးဖြတ်ထားပါတယ်ဟု“ ဦးဌေးလင်းက ပြောသည်။
“ဦးလေးက သွေးတိုးလေဖြတ်ဖြစ်တာ၊ ၅လပိုင်းလောက်က ကုတာ ဦးလေးလဲ ရောက်ခါစကတော့ ဆိုက်ကားနဲ့ လာပြီးပြရတာ၊ ကိုယ်တိုင်လမ်း မလျှောက်နိုင်ဘူး၊ တောင်ဝှေးလေးကနေ တဖြေးဖြေး အခုတော့ လူကောင်းတစ်ယောက်လို ဖြစ်နေပြီ၊ လမ်းလဲ ဒီအတိုင်း လျှောက်လို့ရနေပြီ ၊ ဆေးဖိုးလဲ တစ်ကျပ်မှ ပေးဖို့မလိုဘူး သောက်ဆေးလိမ်းဆေးလဲ ပေးတယ် လှူဒါန်းချင်တဲ့သူတွေ လှူလို့ရအောင် အလှူခံဖလားရှိတယ် ထည့်လဲရတယ် မထည့်လဲရတယ်“ဟု ကံသာယာမြို့သစ် ဗ/၂၇မှ ဦးလှမြင့်က ပြောပြသည်။
အဆိုပါ ပရဟိတ ကုသိုလ်ဖြစ်ဆေးခန်းတွင် မန္တလေး တိုင်းရင်းဆေးတက္ကသိုလ်မှ ဆရာများဖြစ်သည့် ဦးညီညီဇော်နှင့် ဦးအောင်မင်းထိုက် တို့က လုပ်အား ဒါနအားဖြင့် အပတ်စဉ်မပျက် ကုသိုလ်ပြုလျက်ရှိသည်။
အောင်သစ္စာ ပရဟိတ တိုင်းရင်းဆေး ကုသိုလ်ဖြစ်ဆေးခန်းသည်  တစ်ပတ်၌ တစ်ရက်သာ ဖွင့်ပေးပြီး ယခင်က လူဦးရေ ၅၀ မှ ၆၀ ကြားလာရောက်ကုသကြရာ ယခုနောက်ပိုင်းတွင် ၇၀ မှ ၈၀ ကြားအထိ လာရောက်ကုသလျက် ရှိကြသည်။
အဆိုပါ ရပ်ကွက်မှသာမက မြို့နယ်အတွင်းမှ ပတ်ဝန်းကျင်ရပ်ကွက်များနှင့် ပြင်ဦးလွင်၊ မတ္တရာ၊ မြင်းခြံ၊ ၀မ်းတွင်း ၊ ပခုက္ကူ အစရှိသည့် နေရာများမှလည်း သီးခြားလာရောက်၍ ဆေးကုသသူများ ရှိသကဲ့သို့  ကြုံကြိုက်သည့် အတွက် လာရောက် ကုသသူများလည်း ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment