Tuesday, November 1, 2016

နယ်မြေတည်ငြိမ်အေးချမ်းလာပြီဖြစ်၍ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူများ နေရပ်ဒေသအသီးသီးသို့ ပြန်လည်ထွက်ခွာ


စစ်တွေ   နိုဝင်ဘာ 
ရခိုင်ပြည်နယ် မောင်တောခရိုင် အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ် (ကျီးကန်းပြင်)၊  ကိုးတန်ကောက်ရဲကင်းစခန်းနှင့်  ငါးခူရ နယ်မြေရုံးတို့သို့  အောက်တို ဘာ ၉ ရက်နံနက်ပိုင်းက  အကြမ်း ဖက်သမားများက အလစ်အငိုက် ရယူ၍ အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အကြမ်း ဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ကိုးဦး ကျဆုံးခဲ့ပြီး လက်နက်ငယ် မျိုးစုံ၊ ကျည်မျိုး စုံနှင့် ဆက်စပ်ပစ္စည်းများ ဆုံးရှုံးခဲ့ရသည်။

ယခုအကြမ်းဖက်ဖြစ်စဉ်သည် ၎င်းဒေသတွင် အများစုရောက်ရှိ နေထိုင်လျက် ရှိသော အစ္စလာမ် ဘာသာဝင်များအတွင်း အစွန်းရောက်အကြမ်းဖက် ၀ါဒ တိုးမြင့်လာ စေရန် အချိန်ယူ၍ စည်းရုံး သိမ်းသွင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်သည် RSO အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်သော အဖွဲ့၏ ဆောင်ရွက် ချက်ဖြစ်သည်ဟု စစ်ဆေးဖော်ထုတ်ရရှိခဲ့ကြောင်း နှင့် ပြည်ပရှိ အကြမ်းဖက်အဖွဲ့အစည်းများ၊ အကြမ်းဖက် အားပေး လူပုဂ္ဂိုလ်များ၏ ပံ့ပိုးကူညီမှုများ ရယူကာ အချိန်ယူပြင်ဆင်ပြီး စနစ်တကျ စီစဉ် ဆောင် ရွက်ခဲ့သော အကြမ်းဖက်မှု ဖြစ်သည်ဟု နိုင်ငံတော် သမ္မတရုံး၏ အောက်တိုဘာ ၁၄ ရက် သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီးဖြစ်သည်။
အဆိုပါဖြစ်စဉ်ကြောင့် ဒေသခံများမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ကယ်ဆယ်ရေး စခန်း များသို့ ရောက်ရှိလာခဲ့ကြရာမှ ယခုအခါ တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုများ၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကြောင့် နယ်မြေတည်ငြိမ် အေးချမ်းမှုများ ရရှိလာပြီဖြစ်၍ မိမိတို့ ဆန္ဒအလျောက်၎င်းတို့၏ နေရပ်ဒေသ အသီးသီးသို့ ပြန်လည်ထွက်ခွာ နေကြပြီဖြစ် သည်။
စစ်တွေမြို့ ဓည၀တီဘောလုံးကွင်းအတွင်း ဖွင့်လှစ်ထားသော ကယ်ဆယ်ရေး စခန်းမှ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည့် ဒေသခံ ၁၀၀ ခန့်မှာ ၄င်းတို့ဆန္ဒ အလျှောက် ယနေ့တွင် အမြန်ရေ ယာဉ်ဖြင့် စစ်တွေမြို့မှ ၄င်းတို့၏ နေရပ်ဒေသ အသီးသီးသို့ ပြန်လည်ထွက်ခွာကြရာ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ၀န်ကြီးများနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်အားပေးခဲ့ကြသည်။  ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ နှင့် လူမှုအဖွဲ့အစည်းများက ငွေကြေးနှင့် စောင်ခြင်ထောင်များကို ထောက်ပံ့ ပေးအပ် ခဲ့ကြသည်။
စစ်တွေမြို့ ဓည၀တီဘောလုံးကွင်း၌ ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေး စခန်းတွင် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်လာသူ ၈၀၀ ခန့်အထိ ရှိခဲ့ရာမှ ယခုအခါ နယ်မြေ တည်ငြိမ်အေးချမ်းမှုများ ရရှိလာပြီဖြစ် သောကြောင့် ၄င်းတို့ဆန္ဒအလျောက် နေရပ်ဒေသ အသီးသီးသို့ ပြန်လည်ထွက်ခွာလျက်ရှိရာ ယခုအခါ ဓည၀တီ ကယ်ဆယ်ရေးစခန်းတွင် ဒုက္ခသည် ၁၀၀ ခန့်သာ ကျန်ရှိတော့ ကြောင်း၊ အဆိုပါ ကယ်ဆယ်ရေး စခန်းတွင် နေရပ်စွန့်ခွာတိမ်း ရှောင်သူများ တည်းခိုနေထိုင်နိုင်ရန် ယခင်က ကယ်ဆယ်ရေး ရွက်ဖျင်တဲ ၃၆ လုံးဆောက် လုပ်ပေးထားရှိရာမှ ယခုအခါ မလို အပ်တော့ သည့် ရွက်ဖျင်တဲများကို ပြန်လည်ဖြုတ် သိမ်းလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment