Monday, November 7, 2016

ဓမ္မစကူး သင်တန်းသား/သူများအား အာဟာရ တိုက်ကျွေးခြင်း ပြုလုပ်


မုဒုံ        နိုဝင်ဘာ ၆
မွန်ပြည်နယ်၊ မုဒုံမြို့၊ ကမာဝက်မြို့တွင် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်ခင်သီတာမြင့် ဦးဆောင်မှုဖြင့် နိုဝင်ဘာ (၆)ရက်၊ ညနေ (၄) အချိန်ခန့်က ကမာဝက်မြို့၊ အောင်တော်မူဘုန်းတော်ကြီးကျောင်းရှိ ဓမ္မစကူးသင်တန်း
တက်ရောက်ကြသည့် သင်တန်းသား/သူ (၁၂၀)ဦးခန့်အား မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဌနှင့် အဖွဲ့ဝင်များက သွားရောက် အားပေးခဲ့ပြီး အာဟာရအဖြစ် ခေါက်ဆွဲပြုတ်နှင့် အအေးများ ဝေငှတိုက်ကျွေးခဲ့ကြောင်း သိရှိရသည်။

မုဒုံ (ပြန်/ဆက်)

No comments:

Post a Comment